Monday, December 7, 2015

ရွေးကောက်ပွဲကုန်ကျစရိတ် တင်ပြမှု ရာခိုင်နှုန်း ၅၀ ခန့် လက်ခံရရှိ

စစ်တွေ၊ ဒီဇင်ဘာ ၇ ရက်

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် တင်ပြမှု ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်း လက်ခံရရှိပြီးဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က RiA ကို အတည်ပြုပြောကြားခဲ့ပါတယ်။


“ ၅၀ ရာခိုင်နှုန်း လက်ခံရရှိပါပြီ။ ကိုယ်စားလှယ်လောင်း ကြေညာတဲ့ ရက်ကနေ တစ်လအတွင်းဆိုတော့ တချို့က နိုဝင်ဘာ ၁၄ မှာ ကြေညာခြင်းခံရသလို၊ တချို့ကလည်း ၁၅ ရက်နေ့မှာ ဆိုတော့ ဒီဇင်ဘာ ၁၄/၁၅ ရက်မှာ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ရမှာပါ။”

ရခိုင်ပြည်နယ်အတွင်း ယခု ၂၀၁၅ ရွေးကောက်ပွဲကို ပါတီပေါင်း ၂၀ ကျော်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၃၅၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် (၅) ဦး ယှဉ်ပြိုင်ခဲ့ပြီး ယခုအချိန်ထိ (၁) ဦးသာ ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်ပြမှုရှိသေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top