Monday, December 7, 2015

စစ်တွေမြို့ ဓည၀တီရပ်ကွက် နေအိမ်ဖောက်ထွင်းမှုတွင် တရားခံ ဖမ်းဆီးရမိ

စစ်တွေ၊ ဒီဇင်ဘာ ၇ ရက်

စစ်တွေမြို့၊ ဓည၀တီ (ခ) ရပ်ကွက်တွင် ဒီကနေ့ မနက် ၃ နာရီအချိန်က နေအိမ်ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ရာတွင် တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေအိမ် ပိုင်ရှင် ဦးဆန်းဌေးရဲ့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဦးက RiA ကို ခုလို ပြောပါတယ်။


“ မနက်အာရုဏ် ၃ နာရီအချိန်မှာ ဖောက်ထွင်း ၀င်ရောက်လာတာပါ။ ရုတ်တရက်ဆိုတော့ အိမ်က တစ်ဦးဦးဖြစ်မယ်ထင်ပြီး အသံပြု မေးကြည့်တော့ အိမ်သား အယောင်ဆောင်ပြီး ဖောက်ထွင်းဝင်ရောက်သူက အဖြေပြန်ပေးပါသေးတယ်။ ခဏနေ တံခါးကို ကျော်ပြီး ထွက်ပြေးမှ ကျမ အမျိုးသားက လိုက်ဖမ်းတော့ ဖမ်းမိခဲ့တာပါ။ တရားခံကတော့ ကုလားပါ။ ဖမ်းမိတော့ ကျမအမျိုးသားနဲ့ အဲဒီ ကုလားနဲ့ အပြန်အလှန်တိုက်ခိုက်ပြီး ဓည၀တီရပ်ကွက် အုပ်ချူပ်ရေးမှူးလက်ကို အပ်ခဲ့ပါတယ်။ အဲဒီနောက် အုပ်ချူပ်ရေးမှူးက တဆင့် စစ်တွေ ရဲစခန်းကို အပ်ခဲ့ပါတယ်။”

 နေအိမ်ဝင်ရောက် ဖောက်ထွင်းသူမှာ ဖမ်းဆီးခံရစဉ်က ရရှိခဲ့သော ဒဏ်ရာများကြောင့် စစ်တွေမြို့နယ် ဆေးရုံတွင် ကုသ စစ်ဆေးခံယူလျှက်ရှိကြောင်း သိရပါတယ်။

 ဖောက်ထွင်းခံခဲ့ရတဲ့ နေအိမ်မှာ စစ်တွေမြို့၊ ဓည၀တီ (ခ) ရပ်ကွက်၊ မေယုလမ်းပေါ်ရှိ ဦးဆန်းဌေး အမည်နှင့် ရေဒီယို၊ တီဗီပြုပြင်ဆိုင် ဖွင့်လှစ်ထားကာ ဖောက်ထွင်းခံရစဉ်က မိုဘိုင်းလ် လက်ကိုင်ဖုန်းတစ်လုံးသာ ပါရှိသွားကြောင်း အိမ်ရှင်မဖြစ်သူ မစန်းစန်းဦးက ပြောကြားခဲ့ပါတယ်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး တရားခံကို အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဦးအေးခင်မောင်က ပြောပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top