Monday, December 7, 2015

ပုဏ္ဏားကျွန်း စက်မှုဇုန် သိမ်းဆည်းခံ လယ်ယာမြေ လျော်ကြေးများ ပေးချေမှု ၁၀ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီး၊ ပြည်နယ်အစိုးရ ညွှန်ကြားမှု စောင့်ဆိုင်းနေ

ပုဏ္ဏားကျွန်း ၊ ဒီဇင်ဘာ ၇ ရက်

ပုဏ္ဏားကျွန်းမြို့နယ်မှာ အကောင်ထည်ဖော်ဆောင်ရွက်မယ့် စက်မှုဇုန်အတွက် သိမ်းဆည်းလယ်ယာမြေတွေကို လျော်ကြေးငွေတွေ ပေးအပ်နေမှုဟာ ၁၀ ရာခိုင်နှုန်းသာ ပြီးစီးနေသေးကြောင်းနှင့် ကျန် ၉၀ ရာခိုင်နှုန်းအတွက် ပြည်နယ်အစိုးရရဲ့ ညွှန်ကြားမှု မရရှိသေးကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချူပ်ရေးမှူး ဦးညီညီအောင်က RiA ကို ပြောပါတယ်။


“လောလောဆယ် ၁၀ ရာခိုင်နှုန်းသာ ပြီးပါသေးတယ်။ ဆက်ပြီးပေးဖို့ အစီအစဉ်တော့ ရှိပါတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရက ညွှန်ကြားမှု ထပ်မရရှိသေးတာကြောင့် ဆိုင်းငံ့ထားတဲ့ သဘောပါ။ ဒီကြားထဲ ရွေးကောက်ပွဲကာလနှင့် အစိုးရသစ်ကိစ္စတွေကြောင့်လည်း အနည်းငယ် ကြန့်ကြာနေတဲ့သဘောပါ။”

စက်မှုဇုန် သိမ်းဆည်းခံ လယ်ယာမြေ ဧက ၁၈၀၀ ကျော်ကို အစိုးရက တစ်ဧက ကျပ် ၂၅ သိန်းနှုန်းနှင့် ပေးလျော်နေတာဖြစ်ပြီး ဒေသခံ တောင်သူများက ကျပ်သိန်း ၅၀ အထိ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချူပ်နဲ့ တွေ့ဆုံစဉ်မှာ တောင်းခံခဲ့ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top