Sunday, November 8, 2015

လှိုင်သာယာ ရခိုင်လူမျိုးများ ရခိုင်မဲပေးပိုင်ခွင့် မရဖြစ်နေဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၈


လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ရွေးချယ်ခွင့် မရရှိကြကြောင်း သိရသည်။

" ကျနော်တို့ သက်သေခံလက်မှတ်မှာ ရခိုင်လို့ မပါလို့ မရဘူး ပြောပါတယ်။ အမှတ် ၂၀ ရပ်ကွက် ရခိုင်တွေ ၈၀၀ လောက်ရှိပါတယ်။ ကျနော်တို့ ANP ကို မဲထည့်ချင်တယ်။ ကူညီပေးကြပါ။ မှတ်ပုံတင်ပြလည်း မရဘူးပြောနေတယ်။ " ဟု အမှတ် ၂၀ ရပ်ကွက်နေ ကိုနိုင်နိုင် 09799918122 က ပြောသည်။

RIA သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်သော ရန်ကုန်ရောက် ရခိုင်များ၏ ပြောပြချက်အရ ANP ရမည့် မဲအရေအတွက် ၂ သောင်းနှင့် အထက်သည် ဆုံးရှုံးဖွယ်ရှိနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top