မြောက်ဦး၊ နိုဝင်ဘာ ၁၇ ရက်
နိုဝင်ဘာ ၈၂၀၁၅၊ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ရခိုင်အမျိုးသားပါတီ ANP လွှတ်တော် ကိုယ်စားလှယ်များလောင်းများ အနေဖြင့် မသမာနည်းဖြင့် ရှုံးနိမ့်ခဲံခဲ့ရသည်ဆိုပါက အဆိုပါ ကိုယ်စားလှယ်လောင်းများအတွက် အခမဲ့ ရှေ့နေလိုက်ပါပေးမည်ဟု မြောက်ဦးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ
ဝင်ရောက်အရွေးခံပြီး ရှုံးနိမ့်ခဲ့သူ တရားလွှတ်တော် ရှေ့နေ ဦးဦးကျော်သိန်းက
ပြောကြားလိုက်သည်။
"ANP ပါတီက အနိုင်ရကိုယ်စားလှယ်တွေကို ပြိုင်ဘက်တွေက ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုနှင့် တရားစွဲဆိုလာသည့်အခါ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးပါရန် ANP က အကူအညီတောင်းခံ လာပါက အခမဲ့ရှေ့နေလိုက်ပါပြီး ကာကွယ်သွားရန် ကျွန်တော့်အနေဖြင့် အဆင်သင့်ရှိပါတယ်" ဟု ဦးဦးကျော်သိန်းက ၎င်း၏ တရားဝင် facebook စာမျက်နှာမှ တဆင့် ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
လတ်တလော သတင်းများအရ ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်လောင်းများဖြစ်ကြသော
သံတွဲမြို့နယ် ကိုယ်စားလှယ်လောင်းများနှင့်၊ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ်လောင်းများမှာ
မဲမသာမှုဖြင့် ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါဒေသများတွင် ယှဉ်ပြိုင်ခဲ့သည့် ANP ကိုယ်စားလှယ်လောင်းများက
သတင်းမီဒီယာများတွင် ပြောကြားထားသော်လည်း တရားဝင် တိုင်ကြားထားခြင်း မရှိသေးသဖြင့် ဥပဒေအရ အကျုံးဝင်မှု မရှိကြောင်းလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက တုံ့ပြန်ဖြေကြားထားသည်။

0 comments:
Post a Comment