Saturday, November 28, 2015

စစ်တွေမြို့နယ်တွင် ကျပ် ၁၀၀၀၀ တန် အတု ဖမ်းမိ


စစ်တွေ၊ နိုဝင်ဘာ ၂၈ ရက်

 စစ်တွေမြို့နယ်၊ ကမ္ဘာ့ရတနာဘဏ်တွင် ငွေလွှဲရန် ရောက်ရှိလာသည့် ကုန်သည်တစ်ဦးထံမှ ငွေကျပ် ၁၀၀၀၀ တန် အတု ၆ ရွက် ဖမ်းမိခဲ့ကြောင်း စစ်တွေမြို့မရဲစခန်းမှ အတည်ပြု ပြောကြားပါတယ်။


"နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ စစ်တွေ ကမ္ဘာ့ရတနာဘဏ်ကနေ ငွေလွှဲသူ ကုန်သည်တစ်ဦးကို ကျပ် ၁၀၀၀၀ တန် အတု လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းမိခဲ့ပါတယ်။ အခု စစ်ဆေးမေးမြန်းနေတုန်းပဲ ရှိပါသေးတယ်။ " လို့ စစ်တွေမြို့နယ်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အေးခင်မောင်က ပြောပါတယ်။

အဆိုပါ ကုန်သည်မှာ စစ်တွေမြို့နယ်၊ ကြက်ကိုင်းတန်းကျေးရွာမှ နွားအရောင်းအ၀ယ် ပြုလုပ်သူဖြစ်ပြီး အမည်ကိုမူ စစ်တွေအမှတ် (၁) ရဲစခန်းမှ ထုတ်ဖော်ပြောကြားခြင်း မပြုနိုင်သေးကြောင်း သူက ပြောပါတယ်။

စစ်တွေခရိုင်အတွင်း ၆ လ အတွင်း ငွေအတု ကိုင်ဆောင်မှု၊ လှဲလှယ်မှု ၆ မှုအထိ ရှိခဲ့ပြီး အများစုမှာ ငွေကျပ် ၁၀၀၀၀ တန် ဖြစ်ကြောင်းနှင့် အမှုကွင်းဆက်များကို ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်း စစ်တွေ အမှတ် (၁) ရဲစခန်းမှတ်တမ်းများအရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top