ရန်ကုန်၊ အောက်တိုဘာလ ၁၁ ရက်
ရုပ်သံအစီအစဉ် ကြေညာတင်ဆက်သူများ သင်တန်း (TV Presentation Course) ကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ သင်တန်းကို လျှောက်ထားသူများအနေနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာကို Myanmar Media Development Center (MMDC) ကို လျှောက်ထားနိုင်ပြီး လူတွေ့ စစ်ဆေးမှုများကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း MMDC က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ရုပ်သံထုတ်လွှင့်ခြင်း နည်းဥပဒေများ ရေးဆွဲနေဆဲဖြစ်ပြီး အဆိုပါ ဥပဒေများ ထွက်ပေါ်လာပြီးနောက်မှာ ရုပ်သံချန်နယ်လိုင်းများ များစွာ ပေါ်ထွက်လာဖို့ မျှော်လင့်နေကြပြီး အရည်အသွေးမြင့် ရုပ်သံအစီအစဉ် ကြေညာတင်ဆက်သူများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဒီသင်တန်းကို ရည်ရွယ်ပြုလုပ်ရတာဖြစ်ကြောင်းလည်း MMDC တာဝန်ရှိသူတွေက ဆိုပါတယ်။
သင်တန်းတက်ရောက်ခွင့်ရသူတွေအနေနဲ့ သင်တန်းကြေး ကျပ် ၄၀၀၀၀၀ ကို ပေးသွင်းရမှာ ဖြစ်ပြီး သင်တန်းကာလမှာ ၂ လခန့်ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment