Sunday, October 11, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ခရီးစဉ် ၃ ရက်ခန့်ကြာမြင့်မည် (ရုပ်သံ)


https://www.facebook.com/RootAgency/videos/1645827102354323/?l=4463647584252912727



စစ်တွေ၊ အောက်တိုဘာလ ၁၁ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ စတင်မှာဖြစ်ပြီး အဆိုပါ ခရီးစဉ်ဟာ ၃ ရက်ခန့်ကြာမြင့်မှာ ဖြစ်ကြောင်း စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အထွေထွေတင်ပြချက်တွေ၊ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ပြီး ရခိုင်တိုင်းရင်းသားများရဲ့ အမြင်လွဲမှားနေမှုများအပေါ် အဖြေရှာ ရှင်းလင်းသွားမှာဖြစ်ကြောင်းလည်း ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီသတင်းကိုတော့ RIA သတင်းထောက် ကိုနေဇာက ရိုက်ကူးပေးပို့ထားတာပါ။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top