Tuesday, September 22, 2015

ရခိုင်ပြည်နယ်တစ်ဝှမ်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ သံတွဲမြို့တွင် စုဝေးကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ရခိုင်ဒေသအသီးသီးရှိ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၆၂ ဦးနှင့် သံတွဲမြို့တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

 ရခိုင်ပြည်နယ်တစ်ဝှမ်းလုံးမှ NLD ကိုယ်စားလှယ်လောင်းများသည် အောက်တိုဘာလ တတိယပတ်တွင် ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ သံတွဲမြို့သို့ ကြိုတင်ရောက်ရှိနေကြရမည်ဖြစ်ပြီး တွေ့ဆုံမှုအတွင်း ပါတီအောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် စစ်တွေမြို့နယ် ဥက္ကဌ ဦးသင်္ခါကျော်က RIA သို့ ပြောသည်။

“ သံတွဲမြို့ကို ကိုယ့်အစီစဉ်နဲ့ ကိုယ်သွားကြမှာပါ။ အဓိကတော့ ပါတီအောင်နိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ ဒေသဖွံဖြိုးရေး အကြောင်းတွေကို ဆွေးနွေးသွားမှာပါ ၊ အချိန်ကတော့ တစ်ရက်တည်းပါ ”
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ရခိုင်ပြည်နယ် အနေဖြင့် ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် စည်းရုံးမဲဆွယ်မှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်သို့ လာရောက်မည့် ယခုခရီးစဉ်သည် သူမ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ဆယ့်သုံးနှစ်တာ ကာလအတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top