Tuesday, September 22, 2015

ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသများ၌ ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရန် နိုင်ငံတကာအဖွဲ့စည်းများနှင့် အလှူရှင်များ မျိုးစေ့များလှူဒါန်းလိုပါက ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကူညီသွားမည်ဆို


ရခိုင်ပြည်နယ်တွင် ရေကြီးသင့်ဒေသများ၌ မိုးစပါးသီးနှံများ စိုက်ပျိုးပြီးပါက ဆောင်းရာသီအတွင်း ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရန်၊ အလှူရှင်များမှ ထောက်ပံ့မှုများပြုလုပ်လိုပါက လိုအပ်သည့် အမျိုးအမည်များအား ပေးနိုင်ရန် မြို့နယ်အလိုက် လယ်သမားများ၏ လိုအပ်ချက်များအား စာရင်းလိုက်လံ ကောက်ခံနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 ကောက်ခံရရှိသော စာရင်းများအရ လိုအပ်သော မျိုးစေ့များကို ပြည်နယ်နှင့်တိုင်း အသီးသီးက မှာယူ တင်သွင်း သွားမည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးမည့် ရာသီမတိုင်ခင်ကနေ ထုတ်ပေးနိုင်ရန် ပြုလုပ် လုပ်ဆောင်သွားမည်ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး
ဦးစီးဌာနမှ ပြည်နယ်မှူး ဦးသိန်းဝင်းက ဆိုသည်။

“ ရခိုင်ပြည်က စပါးကိုပဲ အဓိကစိုက်တာ ဆိုတော့ မျိုးစပါးရဖို့ ခက်ခဲပါတယ်၊ ဒါကြောင့် ဆောင်းသီးနှံ စိုက်ပျိုးလို့ရအောင် လိုအပ်တဲ့ မျိုးစေ့တွေကို ပြည်မက မှာယူမှာပါ။ ဒီတစ်ခါတော့ နိုင်ငံတော်က မပံ့ပိုးတော့ပါဘူး။ အလှူရှင်တွေရယ်၊ ဝယ်ယူမယ့် သူတွေကို ရောင်းချသွားမှာပါ ”

 ဆောင်းသီးနှံစိုက်ပျိုးမည့် ရာသီအတွင်း ဆောင်းသီးစိုက်ပျိုးမည့် တောင်သူများအတွက်လည်း စိုက်ပျိုးရာတွင် လိုအပ်မည့် နည်းပညာများ ပို့ချမူကိုလည်း ယခုလ နှောင်းပိုင်းမှ စတင်၍ ဒီဇင်ဘာလအထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်မှူး ဦးသိန်းဝင်းက ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top