Monday, October 17, 2016

မောင်တော နယ်ခြားစောင့် ရဲဌာနချူပ် ကွပ်ကဲရေးမှူး ရာထူး အပြောင်းအလဲ ပြုလုပ်


မင်းမျိုးနွယ်/RiA

မောင်တော၊ အောက်တိုဘာ ၁၇ ရက်။ ရခိုင်နယ်စပ်ဒေသရှိ နယ်ခြားစောင့် ရဲဌာနချူပ်နှင့် ရဲစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှုများတွင် အဓိက တာဝန်အရှိ နယ်ခြားစောင့် ရဲဌာနချုပ်၏ ကွပ်ကဲရေးမှူးအဖြစ် တာဝန် ယူနေခဲ့သည့် ရဲမှူးချုပ် မောင်မောင်ခင်အား ရာထူးမှ အနားပေးလိုက်ပြီ ဖြစ်သည်။



၎င်းနေရာတွင် နယ်ခြားစောင့်ရဲဌာနချူပ် ကွပ်ကဲရေးမှူး ရဲမှူးချူပ် သူရစန်းလွင်အား ခန့်အပ်လိုက်ကြောင်း ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့က မောင်တောမြို့နယ်သို့ ရောက်ရှိနေသော ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေက သတင်းမီဒီယာများကို ပြောသည်။

အသစ် ခန့်အပ်ခြင်းခံရသည့် ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲဌာနချူပ် ကွပ်ကဲရေးမှူးချူပ်း သူရစန်းလွင်က ဖမ်းဆီးရမိထားသည့် အကြမ်းဖက်သမား ၁၆ ဦးကို ဥပဒေများနှင့်အညီ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ပြောသည်။

“ပြည်သူတွေ ထိတ်လန့်မှုတွေ ဖြစ်စေနိုင်တဲ့ စာတွေကို လူမှုကွန်ရက်တွေ၊ သတင်းစာမျက်နှာတွေမှာ မရေးသားကြဖို့နဲ့ ကျွန်တော်တို့ ရွာသားတွေ ကြောက်ရွံ့မှုက ကွင်းလွတ်အောင် ကာကွယ်ဆောင်ရွက်နေ ပါတယ်။ ဒီလူတွေ အဲဒီရွာတွေမှာ မနေရဲတော့ဘူး။ ပြန်မနေဝံ့တော့ဘူးဆိုရင် ကျွန်တော်တို့ နယ်မြေ ကျဆုံးတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရွာက ထွက်ခွာလာတဲ့ သူတွေကိုလည်း အမြန်ဆုံးနေရပ် ပြန်သွားနိုင်အောင် အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။”

ဒုတိယ ဗိုလ်ချူပ်ကြီး ကျော်ဆွေ ဦးဆောင်သည့် အဖွဲ့သည့် ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်က မောင်တောဒေသကို ရောက်ရှိလာပြီး ရဲဌာနချူပ် တိုက်ခိုက်ခံရမှုတွင် ကျဆုံးသွားသည့် ရဲဝန်ထမ်း မိသားစုများ၊ နယ်မြေရှင်းလင်းမှုဆောင်ရွက်စဉ် တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့သည့် တပ်မတော် သားများ၏ မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော် လုံခြုံရေးချိုးဖောက်ခံရမှုအပေါ် ထိရောက် ကာကွယ်မှုပြုလုပ်သွားရန် ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေက ကတိပေး ပြောကြားခဲ့သည်။
--
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေ မောင်တောမြို့သို့ ရောက်ရှိစဉ် (ဓာတ်ပုံ - မင်းမျိုးနွယ်/RiA)

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top