Thursday, September 22, 2016

ရခိုင်နယ်စပ် မြို့နယ်များတွင် လူဦးရေလျှော့ချမည်

နေသော်/RiA

နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက်။ ရခိုင်ပြည်နယ်၊ နယ်စပ်မြို့နယ်များ ဖြစ်သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် လူဦးရေလျှော့ချမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။


“ လူဦးရေလျှော့ချမှု ကိစ္စကို ဆောင်ရွက်နိုင်ဖို့ ပြည်နယ်အစိုးရကနေ စစ်တမ်းကောက်ယူပြီး လိုအပ်မယ်ဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အထူးကိစ္စတရပ်အနေနဲ့ သွားရောက် ဆောင်ရွက်မှာ ဖြစ်ပါတယ်”

ယင်းပြောကြားမှုကို စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့တွင် “လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ အခန်း ၂ ပါ ရည်ရွယ်ချက်များ အတိုင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဆောင်ရွက်ရန် ရှိမရှိ”ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက မေးမြန်းခဲ့မှု အပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။.

မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်များတွင် လူဦးရေ ၈၆၀၀၀၀ ကျော်ရှိပြီး ယင်းအထဲတွင် ရခိုင်တိုင်းရင်းသား ၁၀၄၀၀၀ ရှိကာ ကျန်းမာရေးဌာန၏ ခန့်မှန်းခြေစာရင်းအရ ရခိုင်လူမျိုးတို့၏ လူဦးရေတိုးပွားနှုန်း ၀.၆ ရာခိုင်နှုန်းနှင့် အစ္စလမ်ဘာသာဝင်တို့၏ လူဦးရေ တိုးပွားမှုနှုန်းမှာ ၃.၅ ရာခိုင်နှုန်းထိ နှစ်စဉ် တိုးပွားနေကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top