Friday, September 23, 2016

နိုင်ငံတော်သမ္မတကြီး၏ ချီးမြှင့်သော ဂုဏ်ပြု မှတ်တမ်းလွှာကို Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းအားပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၃ ရက်။ Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်း၏ လူမှုရေး အသိစိတ်ဓာတ်ဖြင့် ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက် လမ်း (၄၀)ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးငယ် (၂)ဦးအား ညှဉ်းပန်း နှိပ်စက်မှု ကိစ္စအား မိမိ၏ လုံခြုံရေးနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စုံစမ်း ဖော်ထုတ် သတင်း ရယူခဲ့မှုအပေါ် နိုင်ငံတော်သမ္မတကြီးက ချီးမြှင့်သော ဂုဏ်ပြုလွှာ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် နိုင်ငံတော်သမ္မတကြီး၏ ဂုဏ်ပြုလွှာကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်က Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး Myanmar Now သတင်း ဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တက်ရောက် လာသည့် ဌာနဆိုင်ရာ အကြီးအကဲများ Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းတို့ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး ကြောင်း သတင်းရရှိသည်။
--

Source  - MOI

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top