စစ်တွေ၊ စက်တင်ဘာ ၃ ရက်။ ရခိုင်နယ်စပ်မြို့နယ်များဖြစ်
စိတ်ကြွရူးသွပ်ဆေးပြားများကို သြဂုတ် ၃၀ ရက်နေ့က မောင်တောမြို့နယ် မင်းဘာကြီးလမ်း ဓာတ်တိုင်ကို ၀င်တိုက်မိသော ယာဉ်ပေါ်မှလည်းကောင်း၊ စက်တင်ဘာ ၁ ရက်နေ့တွင် မောင်တောမြို့နယ်၊ လသာကျေးရွာမှ လည်းကောင်း၊ စက်တင်ဘာ ၂ ရက်နေ့တွင် ရသေ့တောင် အငူမော်ကမ်းခြေမှ လည်းကောင်း အသီးသီး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၃၀ ရက်နေ့က မောင်တောမြို့ပေါ်တွင်ဖမ်းဆီးရမိ
သြဂုတ်လ ၃၀ ရက်နေ့ ဖမ်းဆီးရမိသည့် ဆေးပြားအရေအတွက်မှာ ၂၉၂၅၀၀ ရှိကာ ကာလတန်ဖိုး ၅၈၅ သန်းဖိုးခန့်ရှိပြီး၊ စက်တင်ဘာလ ၁ ရက်နေ့ ဖမ်ဆီးရမိသည့် ဆေးပြားအရေအတွက်မှာ ၄၄၅၅၀ ဖြစ်ကာ ကာလတန်ဖိုး ၈၉၁ သန်းဖိုးခန့်နှင့် စက်တင်ဘာ ၂ ရက်နေ့တွင်ဖမ်းဆီးရမိခဲ့သည့် ဆေးပြားအရေအတွက်မှာ ၂၂၆၀၀၀၀ ပြားဖြစ်ပြီး ကာလတန်ဖိုးမှာ ၄၅၂၀ သန်းဖိုးရှိကြောင်း စုစုပေါင်းဆေးပြားအရေအတွက်မှာ ၂၅၉၇၀၅၀ ဖြစ်ပြီး တန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၉၉၆ သန်းခန့်ရှိကြောင်း သိရသည်။
--
သတင်းဓာတ်ပုံ (CJ)



0 comments:
Post a Comment