RiA
ရန်ကုန်၊ စက်တင်ဘာ ၇ ရက်။ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သည့် ရခိုင်အဖွဲ့အစည်းများ ဖြစ်သော ရခိုင်အမျိုးသား ပါတီ ANP ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP/ALA နှင့် ရခိုင်ပြည် အမျိုးသားကောင်စီ ANC/AA တို့မှ လူထုတွေ့ဆုံ ရှင်းလင်းပွဲတရပ်ကို ကျင်းပပြုလုပ်မည် ဖြစ်သည်။
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ရခိုင်ပြည်တပ်မတော် Arakan Army ၏ စစ်ဦးစီးချူပ် ဗိုလ်မှူးကြီး မင်းထွန်း ၊ ရခိုင်အမျိုးသားပါတီ ANP မှ ဒုဥက္ကဌ ဦးခိုင်ပြည်စိုး၊ ရခိုင်အမျိုးသားပါတီ ANP မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA မှ ဗိုလ်မှူးကြီး ခိုင်အောင်စိုးသန်းတို့က ဦးဆောင် ရှင်းလင်းဖြေကြားမည် ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment