Thursday, August 4, 2016

မြေပုံမြို့နယ်မှ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိနိုင်ရန် လူထုလက်မှတ်နှင့် တောင်းဆိုမည်

RiA ၊ သြဂုတ် ၄ ရက်

နေပြည်တော်။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာ အုပ်စုမှ သိမ်းဆည်းခံမြေများ ပြန်လည် ရရှိနိုင်ရေးအတွက် ဒေသခံလူထု၏ လက်မှတ်နှင့် တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ ကျွန်တော်က အများပြည်သူ အကျိုးပြုမြေဖြစ်အောင် တောင်းဆိုတာပါ၊ လွှတ်တော်ဆိုတာ ပြည်သူ့ သဘောထား ပြည်သူ့အသံပါပဲ။ လွှတ်တော်မှာ တောင်းတယ်ဆိုတာ ပြည်သူကတောင်းဆိုတာပါပဲ။ ခုက ဒေသခံပြည်သူများရဲ့ အကျိုးအတွက် အများဆန္ဒနှင့် အညီ ဆောင်ရွက်မယ့် လုပ်ငန်းတွေ၊ အစီအမံများ တင်ပြလာပါက လယ်ယာမြေ စီမံခန့်ခွဲရေးဥပဒေပါ နည်းလမ်းတွေနဲ့အညီ သက်ဆိုင်ရာ ပြည်နယ်အစိုးရဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမယ်ဆိုပြီး ဖြေကြတယ်။ ဒါကြောင့်မို့ ကျွန်တော် ဒီတစ်ကြိမ် လွှတ်တော်ပြီးရင် ဒေသခံတွေရဲ့ လက်မှတ်နဲ့ ပြည်နယ် အစိုးရဆီကို တောင်းဆိုပါမယ်။ ခုက ပေးထားတဲ့ မြေယာကိုလည်း ပုဂ္ဂလိကကို ပေးလိုက်ပြီး ပုံစံ ၇ နဲ့ ဆိုပေမယ့် လယ်ယာစိုက်ပျိုးတာတော့ မတွေ့ရပါဘူး”

သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် သြဂုတ် ၃ ရက်နေ့က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး (သတ္တမနေ့) တွင် ဦးဖေသန်းက မေးမြန်းခဲ့ရာတွင် ၎င်းမြေများသည် ၂၀၀၁ ခုနှစ်က နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်အရ စစ်တွေခရိုင်အထွေထွေ အုပ်ချုပ်ရေးစုဌာနကို ၅ ဧက၊ မြေပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးစုဌာနသို့ ၅.၁ ဧကနှင့် ပြည်ခိုင်ဖြိုးအသင်း မြေပုံမြို့သို့ ၁၀ ဧက တို့ကို ၂၅.၄.၂၀၀၁ ရက်နေ့တွင် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ ခွဲဝေပေးပြီး စိုက်ပျိုးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြားခဲ့သည်။

ပေးလျော်ခဲ့သည့် မြေဧကများသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ (၂၀) ရက်နေ့က ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်လျှောက်ထားရာတွင် အဆင့်ဆင့် စီစစ်ပြီး ပေးအပ်ထားသည့် မြေများဖြစ်ပြီး ကန့်ကွက်လွှာခေါ်ယူခဲ့စဉ်က ကန့်ကွက်သူ မရှိခဲ့သဖြင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲအဖွဲ့မှ ၂၀၁၅ ခုနှစ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top