Tuesday, August 9, 2016

မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သြဂုတ်လ ၈ ရက်နေ့ကို သတ်မှတ်ရန် တိုက်တွန်း

 RiA ၊ သြဂုတ် ၉ ရက်

ရန်ကုန်။ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအတွက် သမိုင်းဝင်နေ့ တစ်ခုဖြစ်သည့် သြဂုတ် ၈ ရက်နေ့ကို မြန်မာနိုင်ငံ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့ ပြည်သူ လူထုတရပ်လုံးနှင့် လက်ရှိအစိုးရကို ၈၈ မျိုးဆက်အဖွဲ့မှ တိုက်တွန်းလိုက်သည်။


တိုက်တွန်းမှုကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး ကျောင်းသားခေါင်းဆောင် ဦးမြအေးက ယခုလို ပြောကြားခဲ့သည်။

“ ဒီနေ့ဒီရက်ဟာ မြန်မာ့သမိုင်းရဲ့ အင်မတန်ကြီးမားတဲ့ အပြောင်းအလဲနေ့ရက် ဖြစ်ပါတယ်။ ဒီအခြေနေလို အခြေအနေမျိုးရောက်ဖို့အတွက်လည်း ရဟန်း ရှင်ပြည်သူတွေရဲ့ သွေး၊ ချွေးတွေနဲ့ ပေးဆပ်ပြီး တည်ဆောက်ခဲ့ရတာကြောင့် နှစ်စဉ်နှစ်တိုင်း သြဂုတ် ၈ ရက်နေ့ကို မြန်မာ့ ဒီမိုကရေစီနေ့ 
အဖြစ် သတ်မှတ်ပေးဖို့ ပြည်သူတရပ်လုံးနဲ့ အစိုးရကို ကျနော်တို့ တိုက်တွန်းပါတယ်"

သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် ၂၈ နှစ်မြောက် ရှစ်လေးလုံး လှုပ်ရှားမှု အခမ်းအနားကို သင်္ဃန်း ကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ ဓမ္မပီယ သာသနာ့ရိပ်သာတွင် ၈၈ မျိုးဆက်အဖွဲ့အစည်းများ ပူးပေါင်း ကျင်းပ ခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top