Friday, August 26, 2016

ရခိုင်မြို့နယ်သုံးခု လျှပ်စစ်မီးရရှိရေး ကျပ်သန်းပေါင်း နှစ်သောင်းကျော် အသုံးပြုမည်

RiA

စစ်တွေ၊ သြဂုတ် ၂၆ ရက်။ ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး အတွက် ငွေကျပ်သန်းပေါင်း ၂၀၃၆၀ ကို အသုံးပြုသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။


၂၃၀ ကေဗွီ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံမှတဆင့် ပုဏ္ဏားကျွန်း-ရသေ့တောင် ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း ၇၈ မိုင်ခန့်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ၆၆ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ရန် ပြည်တွင်းကုမ္ပဏီ Champion Construction Co.,Ltd မှ Turnkey စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

စီမံကိန်းများအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေစီမံကိန်း တန်ဖိုး၏  ၂ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၃၅၄  သန်းခန့်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေစီမံကိန်းတန်ဖိုး၏ ၃ ရာခိုင်နှုန်း ကျပ် ၆၁၁  သန်းခန့် ရရှိထားပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီကို Dawn Payment ကျပ် ၃၅၄ သန်းခန့် ပေးချေထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောသည်။

"ယခုနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အနေဖြင့် ဓာတ်အားလိုင်း အူကြောင်း တိုင်းတာခြင်း၊ တာဝါတိုင်ဒီဇိုင်း ရေးဆွဲခြင်းနှင့် ပုံစံထုတ်ခြင်း၊ ဓာတ်အားခွဲရုံများအတွက် မြေနေရာ ရရှိရေးဆောင်ရွက်ခြင်း၊ ခွဲရုံတည်ဆောက်မည့် Layout Plan များရေးဆွဲခြင်းနှင့် ခွဲရုံ၌လိုအပ်သည့် ပစ္စည်းများ နိုင်ငံခြားမှ မှာယူ တင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပါတယ်"

ထပ်မံလိုအပ်သည့် ရန်ပုံငွေများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ လုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှ
င့် စီမံကိန်း၏ စာချုပ်အရ ပြီးစီးမည့် အချိန်သည် ၂၀၂၀ ခုနှစ်ဟု သတ်မှတ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top