စစ်တွေ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လယ်ယာမြေ အငြင်းပွားမှု ဖြစ်ပွားနေသည့် ကြံချိုင်ကျေးရွာသားများ လုပ်ကိုင် စားသောက်နေကြသော ကာရီအတွင်းရှိ လယ်မြေများအား ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီမှ ကျူးကျော်သူအား အနိုင်ပေးလိုက်သည့် ဆုံးဖြတ်ချက်အား လက်မခံသည့်အတွက် ပြန်လည်စိစစ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
အငြင်းပွားမှုမှာ ယခင်က ကြံချိုင်ကျေးရွာသားများ လုပ်ကိုင်နေခဲ့ကြသည့် ကာရီအတွင်းရှိ လယ်မြေများအား စစ်တပ်မှသိမ်းယူပြီး တခြားစီးပွားရေး လုပ်ငန်းရှင်များအား သီးစား အငှားချပေးထားရာမှ လယ်မြေများပေါ်တွင် ဓနိပင်များ စိုက်ပျိုးထားသည့်အတွက် ယခု လယ်မြေများအား တောင်သူများပြန်လည် လုပ်ကိုင်ခွ
“ဒီကာရီအတွင်းမှာ အရင်က လယ်လုပ်ခဲ့တဲ့တောင်သူ ၁၄ ဦးရှိပါတယ်။ လယ်မြေဧက ၁၂၄ ဧကရှိတယ်။ နောက်ပိုင်းမှာ ကာရီ ပျက်သွားတော့ စစ်တပ်က သိမ်းလိုက်တယ်။ ပြီးတော့ တခြားလူတွေဆီမှာ သီးစား ချပေးထားတယ်။ အဲဒီထဲမှာပါတဲ့ ဦးထွန်းချီမောင်ဆိုတဲ့သူက လယ်မြေတွေမှာ ဓနိပင်တွေ စိုက်ပျိုးလိုက်ပါတယ်။ ကျွန်တော်တို့ အဲဒီလယ်မြေတွေကို ပြန်လုပ်ခွင့် ရလာတဲ့အချိန်မှာ မြေ ၂ ဧကမြေစာရင်းက ရှင်းမပေးဘူး။ ဒါကြောင့် ကျွန်တော်တို့ ရွာသားတွေအားလုံး စုပြီးတော့ ပြန်တောင်းတယ်။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီက ကျွန်တော်တို့ကို အနိုင်ပေးလိုက်တော့ အယူခံဝင်တယ်။ အခုခရိုင်က သူ့ကို အနိုင်ပေးလိုက်တယ်။ ဒါကြောင့် ခရိုင်မြေယာ စီမံခန့်ခွဲရေးကော်မတီရဲ့ ဆုံးဖြတ်ချက်တွေကို လက်မခံတဲ့အတွက်ကြောင့် ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်။” ဟု တောင်သူ ဦးမောင်စံရွှေကပြောသည်။
အဆိုပါကာရီအတွင်း လယ်မြေဧက စုစုပေါင်းမှာ ဧက ၁၅၀ ခန့်ရှိပြီး လယ်မြေအဖြစ်စိုက်ပျိုး လုပ်ကိုင်နေသည့် မြေဧကမှာ ၁၂၄ ဧကသာ ရှိကြောင်းနှင့် ယင်းကာရီအား စစ်တပ်မှ သိမ်းဆည်းလိုက်သည့်အချိန်တွင် လယ်မြေများအား ပုဇွန်မွေးကန်များအဖြစ်ပြောင်း
0 comments:
Post a Comment