RiA ၊ သြဂုတ် ၄ ရက်
နေပြည်တော်။ ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ အသိုင်းအ၀န်းနှင့် နှင့် အစ္စလာမ်ဘာသာ အသိုင်းအ၀န်း တို့ကြား ရေရှည် သဟာဇတဖြစ်စွာ အတူလက်တွဲနေထိုင်ရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်တို့ သြဂုတ် ၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
တွေ့ဆုံမှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သော အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံ အမတ်ကြီး H.E. Mr. Mohammad Sufiur Rahman နှင့်အဖွဲ့တို့က တက်ရောက်ခဲ့ပြီး တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများ ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ် ဒေသများရှိ IDPs များနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့ အစည်း အတွင်း ရေရှည်သဟဇာတ ဖြစ်စွာ အတူ လက်တွဲနေထိုင်ရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ် များနှင့် နှစ်နိုင်ငံဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
----
သတင်းဓာတ်ပုံ (MOI)
0 comments:
Post a Comment