Saturday, July 30, 2016

၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ခွင့်မရပါကလည်း ငြိုငြင်မည်မဟုတ်ဟု AA ခေါင်းဆောင်ပြော

ဇူလိုင် ၃၀ ရက်

လာမည့် သြဂုတ်လကုန်ပိုင်းတွင် ကျင်းပပြုလုပ်မည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကို တက်ရောက်ခွင့် မပြုခဲ့ပါကလည်း ၎င်းတို့အနေနှင့် ငြိုငြင်မည် မဟုတ်ကြောင်းနှင့် တက်ရောက်ခွင့် ရမည်ဆိုပါက ကိုယ်တိုင်ကိုယ်ကျ တက်ရောက်လိုကြောင်း AA စစ်ဦးစီးချူပ် ဗိုလ်မှူးချူပ်
ထွန်းမြတ်နိုင်က ပြောကြားခဲ့ကြောင်း မဇ္ဈိမ သတင်းမီဒီယာက ယနေ့ ဇူလိုင် ၃၀ ရက်နေ့က ယခုလို ဖော်ပြခဲ့သည်။

“တကယ်လို့များ အခြားအဖွဲ့တွေက ကျွန်တော်တို့ မပါဘဲ သွားမယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်ကတော့ မငြိုငြင်ပါဘူး။ ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတွေရဲ့  အကျိုးကိုတော့ ကိုယ်စားပြုမယ် ပြီးရင် ကျွန်တော်တို့က ကိုယ့်လူမျိုး တစ်ခုတည်း ဆိုတာထက် ပြည်ထောင်စုသားတွေပဲပေါ့လေ။ အဲ့ဒါအတွက် ကြောင့်လဲ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ချင်တာပေါ့လေ။ သူတို့သွားမယ်ဆိုရင်လည်း ကျွန်တော်တို့က ကန့်ကွက်စရာ အကြောင်းမရှိ ဘူး။
သူတို့ အဖွဲ့အစည်းတွေ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်တယ်”

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ကို လက်နက်စွန့်မှသာလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာရောက်ခွင့်ပြုနိုင်မည်ဟု မြန်မာ့ တပ်မတော်ဘက်က ပြောကြားထားသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top