Monday, June 27, 2016

ကချင်မှ ရောက်လာသည့် ရွေ့ပြောင်းများအတွက် နေအိမ်များ ထောက်ပံ့

မိုးအောင်/RiA ၊ ဇွန် ၂၇ ရက်

ကချင်ပြည်နယ်က ရခိုင်ရွေ့ပြောင်းအလုပ်သမား အိမ်ထောင်စု ၁၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်အတွင်းနေရာ ချထားဖို့ ခေါ်ယူခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ ရွေ့ပြောင်း အိမ်ထောင်စု တစ်ခုစီအတွက် တန်ဖိုး ကျပ်သိန်း ၅၀ ရှိ နေအိမ်တစ်လုံးနှင့် လုပ်ကိုင်စားသောက်နိုင်ဖို့ မြေကွက်တွေကို ရသေ့တောင်မြို့နယ် မုစဲကျွန်း၊ သာစည်ကျေးရွာအနီးမှာ ချထားပေးခဲ့ပါတယ်။

“ လုပ်ကိုင် စားသောက်ဖို့က အရင်းအနီးပိုက်ဆံက လိုသေးတယ်လေ၊ ဒါကြောင့် ဒီနေရာမှာ ရှေ့ရေးကို တွေးပြီး ပူပန်ရသေးတယ်” ရွေ့ပြောင်း မောင်ကျော်ထွန်းက ပြောပါတယ်။

တချို့တွေကတော့ ယခင်နေရပ်ကို ပြန်ဖို့ ဆန္ဒရှိနေကြပါတယ်။

“ ကျွန်မတို့ကတော့ ဗိုက်မတင်းရန် ပြန်မှာပါ၊ ဗိုက်တင်းဖို့က အရေးကြီးတယ်လေ" ရွေ့ပြောင်း ဒေါ်လှနုရီက ပြောပါတယ်။

လူဦးရေ ၃၁ သိန်းကျော်ခန့်ရှိတဲ့ ရခိုင်ပြည်နယ်ရဲ့  ၃ ဒဿမ ၅၄ ရာခိုင်နှုန်းဟာ ၀င်ငွေချို့တဲ့မှု၊ အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးနိုင်မှုတို့ကြောင်း နေရပ်စွန့်ခွာပြီး ရွေ့ပြောင်းနေထိုင်ကြရတယ်လို့ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ ဖော်ပြပါရှိပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top