ဇောင်းခ/RiA ၊ မေ ၂၀ ရက်
အိန္ဒိယနိုင်ငံမှ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်နိုင်ရန်နှင့် ကူးသန်းရောင်းဝယ်မှုများ ပိုမို တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် ယမန်နေ့ မေ ၁၉ ရက်နေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Ms.Nirmala Sitharaman၊ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များအဖွဲ့နှင့် မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များက တက်ရောက်ခဲ့ကြောင်း သိရသည်။
“ရခိုင်၊ ချင်း၊ အိန္ဒိယ သုံးခုကြားမှာ ဆောက်လုပ်မှုတွေအများကြီး ရှိလာမှာပါ။ ကူးသန်းရောင်းဝယ်ရေးလုပ်ဖို့က လမ်းပန်းဆက်သွယ်ရေးက အရေးကြီးတယ်။ အိန္ဒိယ ဘက်ကလည်း တံတားဆောက်၊ လမ်းဖောက်တာတွေလုပ်ဖို့ ကူညီထောက်ပံ့ပေးတာတွေ၊ ရင်းနှီးမြုပ်နှံထားတာ တွေရှိပါတယ်။ ” ဟု ဆောက်လုပ်ရေး လုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
0 comments:
Post a Comment