နောင်ခိုင်အောင်၊ မင်းမျိုးနွယ် / RiA ၊ ဧပြီ ၂၇ ရက်
ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ခမီမျိုးသားနေ့ကို ဒီကနေ့ ဧပြီ ၂၇ ရက်နေ့က ပေါက်တောမြို့ နယ် ညောင်ပင်ချိုင်ကျေးရွာမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ ခမီတိုင်းရင်းသားတို့ရဲ့ ခမီမျိုးသားနေ့ကို ဒီကနေ့ ဧပြီ ၂၇ ရက်နေ့က ပေါက်တောမြို့ နယ် ညောင်ပင်ချိုင်ကျေးရွာမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
အမျိုးသားနေ့ ကျင်းပရခြင်းမှာ လူမျိုးရဲ့ ဂုဏ်ကို ဖော်ဆောင်အောက်မေ့တဲ့အနေနှင့် ဖြစ်သလို ပိုမို ညီညွတ်မှုတွေကို ရရှိဖို့အတွက် ဖြစ်တယ်လို့ ခမီအမျိုးသားပါတီ (ပုဏ္ဏားကျွန်းမြို့နယ်) တွဲဖက်အတွင်းရေးမှူး ဦးကျော်လှဖြူက ပြောပါတယ်။
“ဒီပွဲကျင်းပရတဲ့ အဓိပ္ပာယ်ကတော့ ကျနော်တို့ ခမီတိုင်းရင်းသားတွေက ရခိုင်ပြည်နယ်မှာ လူနည်းစုတွေဖြစ်တယ်။ တနည်းအားဖြင့်ဆိုလို့ရှိရင် နေတဲ့ မြို့နယ်တွေမှာလည်း အရေတွက် နည်းတာပေါ့။ ဒါကြောင့် တစ်မြို့နယ်နဲ့ အခြား တစ်မြို့နယ်က ခမီအမျိုးသားတွေ မသိကြဘူးပေါ့။ ဒီအမျိုးသားနေ့ကို ကျင်းပတဲ့အခါမှ မြို့နယ်အလိုက် အားလုံးစုံစုံညီညီတွေ့ကြ သိကြတာပေါ့။”
ခမီအမျိုးသားနေ့အခမ်းအနားကို ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားခံရတဲ့ ပုဂ္ဂိုလ်များနှင့် ရခိုင်ပြည်နယ်ရှိ ခမီအမျိုးသားများ စုစုပေါင်း ၅၀၀ ခန့်က တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားရေး ၀န်ကြီး ဦးပုန်းဘွယ်က အမှာစကား ပြောကြားရာတွင်" မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ပြီး လုပ်ရတဲ့ ပွဲမျိုးဖြစ်သောကြောင့် အင်မတန် လေးစားဂုဏ်ပြုစရာကောင်းပြီး မိမိတို့ရဲ့လူမျိုးစု အလိုက် စိတ်ဝမ်းမကွဲဘဲ မိမိတို့ရဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတတ်ရေးကို အတူတကွ ပူပေါင်းဆောင်ရွက်စေလိုကြောင်း" ပြောကြားခဲ့ပါတယ်။
၁၉၇၂ ခုနှစ်က မြောက်ဦးမြို့နယ် လောင်းရှည်ချောင်းတွင် ခမီတိုင်းရင်းသားများ တွေ့ဆုံပွဲအခမ်းအနားအဖြစ် ပြုလုပ်ခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကို ခမီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 comments:
Post a Comment