Tuesday, April 26, 2016

ANP အစိုးရဖြစ်ခွင့်အတွက် သံတွဲနှင့် တောင်ကုတ်မှာ ဆန္ဒပြ

တောင်ကုတ်ဆန္ဒဖော်ထုတ်မှုမြင်ကွင်း (ဓာတ်ပုံ - CJ)
ကိုဇိုင်း/RiA ၊ ဧပြီ ၂၆ ရက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ဖွဲ့စည်းခွင့်ရဖို့အတွက် ANP ရဲ့ ကြေညာချက်ဖြစ်တဲ့ ၁/၂၀၁၆ ကို ထောက်ခံကြောင်း စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တောနဲ့ ဘူးသီးတောင် စတဲ့ မြို့နယ်တွေမှာ လူထုထောက်ခံဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြသလို ဒီကနေ့ ဧပြီ ၂၆ ရက်နေ့မှာလည်း သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


ဆန္ဒဖော်ထုတ်ပွဲကို တောင်ကုတ်မှာ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပြီး သံတွဲမှာတော့ တက်ရောက်ပါဝင်သူ ၁၀၀၀ ကျော်ခန့် ရှိတယ်လို့ စီစဉ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ကြွေးကြော်သံများအဖြစ် " ANP အစိုးရဖွဲ့စည်းရေး ဒို့အရေး၊ ရခိုင်အမျိုးပါတီကို ထောက်ခံတယ် ..ထောက်ခံတယ် ၊ တစ်ပါတီအာဏာရှင် စနစ်အလိုမရှိ၊ ရခိုင်ပြည်သူ ဆန္ဒကို လေးစားပါ..လေးစားပါ" စသည့် ပိုစတာ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ကြွေးကြော်ခဲ့တယ်တယ်လို့ သိရပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားပါတီ အစိုးရအဖွဲ့ဖွဲ့စည်းရေးပါပဲ၊ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒပဲဖြစ်ပါတယ်။" လို့ တောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်သူ ရခိုင်လူမှုကွန်ရက် အဖွဲ့ ဦးညွှန့်အောင်က ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top