Sunday, February 7, 2016

ရခိုင်အမျိုးသားပါတီ ၁/၂၀၁၆ ကြေညာအတိုင်း ဆက်လက် ရပ်တည်မည်ဟု ထပ်မံ ကြေညာချက်ထုတ်

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၇ ရက်

ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ သူတို့ရဲ့ ထုတ်ပြန်ချက် ၁/၂၀၁၆ ပါ ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမှာ ဖြစ်ကြောင်း ဒီကနေ့ ဖေဖေါ်ဝါရီ ၇ ရက် နေ့စွဲနှင့် ကြေညာချက်တစ်စောင် ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။


ကြေညာချက်တွင် - ၁/၂၀၁၆ ကို ပြင်ဆင်ဖို့ ရခိုင်ပြည်နယ်ရှိ ရဟန်းသံဃာတော်များနှင့် လူမှုအဖွဲ့အစည်းက အကြံပြုချက်များကို ANP အနေနဲ့ လက်ခံရရှိခဲ့ပြီး ဖေဖေါ်ဝါရီ ၆-၇ ရက်များတွင် ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ယခုလို ထပ်မံ အတည်ပြုလိုက်ကြောင်း ဖော်ပြပါရှိပါတယ်။
 
ဒါ့အပြင် မဟာမိတ်ဆက်ဆံရေးဖြစ်တဲ့ United Nationalities Alliance (UNA) အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးကို ရပ်စဲပြီး ညီနောင်တိုင်းရင်းသားများ ဖက်ဒရယ်ရှင်းအဖွဲ့ NBF နဲ့ မဟာမိတ်အဖြစ် အခိုင်အမာ လက်တွဲသွားမှာ ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top