Thursday, February 11, 2016

AA ဒု ဗိုလ်မှူးကြီးနှင့် ဆက်စပ်သူထံမှ ကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိဟု ဆို

ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၁၁ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဖေဖေါ်ဝါရီ ၆ ရက်နေ့က ဖမ်းမိခဲ့တဲ့ ရက္ခိုင့်တပ်မတော်ရဲ့ အဆင့်မြင့် အရာရှိကို စစ်ဆေးမေးမြန်းမှုများအရ ဆက်စပ်သူများကို ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေရာတွင် ကျပ်သိန်း တစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများနှင့် ပီနံအိတ်ဖြင့် ထုတ်ပိုးထားတဲ့ ကျည်ဆန် ကျည်ကတ်များ၊ ဖောက်ခွဲရေး ပစ္စည်းပြုလုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်များကို ကိုးကားပြီး ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice Daily တွင် ဖော်ပြခဲ့ပါတယ်။


AA ရဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဆက်နွယ်သူ အသက် ၃၃ နှစ်အရွယ် ဦးဝေသာထွန်း (ခ) မျိုးဇော် နေထိုင်တဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မြို့နယ် (၄၂) ရပ်ကွက်၊ ကင်းဝန် (၄) လမ်းရှိ နေအိမ်ကို ဖေဖေါ်ဝါရီ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေရာတွင် ပြောက်ကျားရောင် ယူနီဖောင်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဆက်သွယ်ရေးပစ္စည်းတွေကိုပါ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

"နေအိမ်ထဲ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပေမယ့် လူကို မမိခဲ့ဘူး။ မြောက်ဥက္ကလပ (ဈ) ရပ်ကွက်မှာ သူ့အိမ်ရှိတယ် သတင်းရတာကြောင့် အဲဒီနေ့ ညနေမှာပဲ သွားစုံစမ်းခဲ့ပြီး သူ့အပါအ၀င် သူ့ မိသားစု သုံးယောက်ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီး စစ်ဆေးရာက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းတွေကို မြောက်ဥက္ကလာပနဲ့ လှိုင်သာယာက သူ့အိမ်နှစ်လုံးမှာ ထပ်မံ သိမ်းဆည်းရမိခဲ့ပါတယ်" လို့ ရန်ကုန် အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Voice တွင် ဖော်ပြပါရှိပါတယ်။





0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top