![]() |
ရခိုင်ပြည်နယ် နယ်စပ် တောင်ကုန်းတနေရာ (ဓာတ်ပုံ - IE) |
စစ်တွေ၊ ဒီဇင်ဘာ ၁ ရက်
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ပလက်ဝမြို့နယ်၊ ပလ၀ ကျေးရွာတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် လက်ချက်ဟု ဒေသခံများက အထင်အမြင် လွဲမှားနေမှုကို ဒေါ်စောမြရာဇာလင်းက ငြင်းဆိုလိုက်ပါတယ်။

" ဗုံးပေါက်ကွဲတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ALP ရဲ့ လက်ချက် မဟုတ်ဘူးဆိုတာ ရဲရဲကြီး ပြောကြားလိုပါတယ်။ ကျမတို့ဟာ ရခိုင်ပြည်လူထုနဲ့ ရခိုင်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ဘယ်တော့မှ နစ်နာအောင် ယခင်ကလည်း မလုပ်ခဲ့ဘူး။ ယခုလည်း မလုပ်ခဲ့ပါဘူး။ နောင်လည်း လုပ်ဖြစ်သွားမှာ မဟုတ်ပါဘူး။"
ပေါက်ကွဲမှုမှာ ဘင်္ဂလား - မြန်မာနယ်စပ် ကျောက်တိုင် အနီးရှိ လဗ၀ ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၀ါးခုတ်သွားသူ ဒေသခံ အမျိုးသားတစ်ဦးမှ မှိုင်းနင်းမိရာမှ ပေါက်ကွဲခဲ့ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ပလက်ဝဒေသခံများအနေနှင့် ယင်း ဗုံးပေါက်ကွဲမှုအပေါ် ALP အပေါ် သံသယမကင်း ဖြစ်နေကြောင်း ဒေသခံ ဦးစိန်လှထွန်းက ပြောပါတယ်။
" ယခင်က အဲလိုမျိုး ပေါက်ကွဲမှု မရှိခဲ့ပါဘူး။ ALP နဲ့ အစိုးရတပ်ကြား တိုက်ပွဲ ၂၂ ရက်နေ့က ဖြစ်တယ်။ တဆက်တည်းမှာ ALP က ရခိုင်ပြည်နယ်မှာ တရားဝင် ရပ်တည်လာနိုင်တဲ့ တပ်မတော် တစ်ခုအဖြစ် စာချူပ်မှာ လက်မှတ်ရေးထိုးထားတယ်ဆိုတော့ သံသယဖြစ်မိပါတယ်။"
ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ထိန်းလင်းမှလည်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ ALP ၏ လက်ချက်ဟု ယူဆရကြောင်း ဒေါ်စောမြရာဇာလင်းနှင့် နိုဝင်ဘာ ၃၀ ရက်နေ့ တွေ့ဆုံမှုတွင် သွယ်ဝိုက်သောအားဖြင့် သတိပေးပြောကြားခဲ့ကြောင်း တွေ့ဆုံမှုမှတ်တမ်းအရ သိရပါတယ်။
0 comments:
Post a Comment