စစ်တွေ၊ အောက်တိုဘာ ၁၁ ရက်
တနေ့လုပ်ခ ကျပ် ၃၆၀၀ နဲ့ ကြိုပို့စရိတ် တောင်းခံမှုကို ကုမ္ပဏီဘက်က ငြင်းဆန်ခဲ့တာကြောင့် မင်းဇာနည် ကုမ္ပဏီဝန်ထမ်း ၈၀ နီးပါးဟာ အောက်တိုဘာလ ၂ ရက်နေ့ကနေ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။
ဆန္ဒပြအလုပ်သမားများနဲ့ ကုမ္ပဏီ တာဝန်ရှိသူ အဆင့်ဆင့် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ယနေ့တိုင် ပြေလည်မှု မရရှိသေးတာကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချူပ်ဆီ တိုက်ရိုက်လိပ်မူပြီး တိုင်ကြားစာပေးပို့ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
" ကုမ္ပဏီနဲ့ ညှိနှိုင်းမှုတွေက အဆင်မပြေပါဘူး။ လူမှုအဖွဲ့အစည်းတွေဘက်ကလည်း အကူအညီပေးမယ့်ပုံ မပေါ်ဘူး။ ကျနော်တို့ ၀န်ကြီးချူပ်ဆီကို တိုင်ကြားစာပို့ပြီး ဒီကိစ္စ ပြေလည်သွားဖို့ မျှော်လင့်ပါတယ်။" ဟု အလုပ်သမားခေါင်းဆောင် ကိုကျော်ဇော်လှက ပြောကြားခဲ့ပါတယ်။

0 comments:
Post a Comment