ကျောက်ဖြူ၊ အောက်တိုဘာလ ၁၂ ရက်
ကျောက်ဖြူမြို့နယ်၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို ၂၀၁၃ ဇွန်လမှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂ နှစ်ကျော်ကာလအတွင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်း ၂၀၀ အထိ ထုတ်ယူထားပြီး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားကူးသန်းစောင့်ကြည့်မှု မှတ်တမ်းများအရ သိရပါတယ်။
သဘာဝဓာတ်ငွေ့တင်ပို့မှာဟာ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်တစ်ခုဖြစ်လာပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ရွှေသဘာဝဓတ်ငွေ့နဲ့ ဇောတိကတို့ကနေ ဓာတ်ငွေ့ထုတ်ယူမှုဟာ သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ၄၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ အဆိုပါ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ရောင်းချမှုဈေးကွက်ဟာ ထိုင်းနိုင်ငံနှင့် တရုတ်တို့ကို အဓိကထား ရောင်းချနေတာဖြစ်ကြောင်း သိရပါတယ်။

0 comments:
Post a Comment