Friday, September 18, 2015

တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦဦးကျော်သိန်း မြို့ပေါ်ဟောပြောပွဲ ပြုလုပ်


မြောက်ဦး၊ စက်တင်ဘာ (၁၈)ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မဲဆန္ဒနယ်အတွင်းမှ အမျိုးသားလွှတ်တော်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဦးကျော်သိန်း၏ မဲဆွယ်စည်းရုံးမှုကို စက်တင်ဘာလ ၁၇ ရက်နေ့က မြောက်ဦးမြို့ပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါဟောပြောပွဲကို မြောက်ဦးမြို့ နန်းတော်ရာကုန်း ဒုတိယအထပ်တွင် နေ့လည် ၂ နာရီမှ ညနေ ၄ နာရီခွဲအထိပြုလုပ်ခဲ့ပြီး ယင်းဟောပြောပွဲတွင် မိမိအနေဖြင့် ပါတီကိုမကျေနပ်၍ ယခုကဲ့သို့ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမဟုတ်ကြောင်း၊ ရခိုင်ပြည်အတွက် မိမိအနေဖြင့်
အထောက်အကူဖြစ်စေရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်အခုဝင်ပြိုင်ရတာဟာ အမှန်တရားအတွက် ဖြစ်ပါတယ်။ ပြည်သူတွေအတွက် စိုးရိမ်ပါတယ်။ ဒါကြောင့် ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ကျွန်တော်နဲ့ပြိုင်ဖက်တွေကိုလည်း မစွပ်စွဲလိုပါ။ ပြည်သူလူထုအတွက်လည်း အမှန်တကယ်လုပ်ဖို့အတွက် မျိုးဆက်သစ်လူငယ်တွေ အများကြီးလိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့လည်း ရဲရဲဝံ့ဝင်ပြိုင်ရတာဖြစ်ပါတယ်။
အမျိုးသားပါတီသည် သူ့အနေနဲ့သူ အောင်မြင့်ပါလိမ့်မယ်။သူ့ကိုလည်းထောက်ခံမှုရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း မဲဆွယ်တရားပွဲတိုင်းမှာ ပါတီထဲက မဲပေးသင့်ပေးထိုက်တဲ့ သူတွေကို ပေးပါလို့ပြောပါတယ်။”ဟု ဦးဦးကျော်သိန်းကပြောသည်။

တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ဦးဦးကျော်သိန်းမှာ မြောက်ဦးမြို့နယ် ညွံကျွံကျေးရွာ ဇာတိဖြစ်ပြီး
လက်ရှိတွင်ရှေ့နေလုပ်ငန်းကို လုပ်နေသူတစ်ဦးဖြစ်ကြောင်း သိရကာ ၎င်းမှာ၂၀၁၅
အထွေထွေရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီတွင်းလွှတ်တော် ပါတီကိုယ်စားလှယ်လောင်းရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top