ရခိုင်ပြည်နယ်တွင် Telenor (တယ်လီနော်) ဆင်းကဒ်များကို ယခုလ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းက စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တစ်ခုလုံး ကွန်ရက်ချိတ်ဆက်ခြင်းလုပ်ငန်းများ
မပြီးစီးသေးသဖြင့် ကွန်ရက်ချိတ်ဆက်ပြီးစီးသည့် မြို့နယ်များတွင်သာ
အသုံးပြုနိုင်သေးမည်ဖြစ်ပြီး ယခု အသုံးပြုခွင့်မှာလည်း စမ်းသပ်ကာလသာ
ဖြစ်သေးကြောင်း တယ်လီနော် (မြန်မာ) ရုံးချူပ် မှ စီမံခန့်ခွဲရေးအရာရှိ
ယွန်းမီလင်း က Root သို့ ပြောသည်။
“ ရခိုင်ပြည်နယ်ဘက်မှာတော့
တယ်လီနော်က အသုံးပြုလို့ အဆင်ပြေနေပါပြီ။ ဒါပေမယ့်
ပြည်နယ်တစ်ခုလုံးအသုံးပြုနိုင်ဖို့အတွက်ကတော့ အခုလောလောဆယ် အဆင်ပြေဦးမှာ
မဟုတ်သေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရားဝင် Lunch
မလုပ်သေးရတာကြောင့်ပေါ့နော်။ သုံးလို့ရနေတယ်ဆိုတာကလည်း
စမ်းသပ်ကာလဖြစ်တာကြောင့်ရယ်၊ Network တိုင်တွေ တည်ဆောက်ပြီးစီးတဲ့
မြို့တွေရယ် အသုံးပြုလို့ ရနေတာပါ။ အကုန်လုံး ရခိုင်ပြည်နယ်တစ်ခုလုံး
အသုံးပြုနိုင်ဖို့အတွက်ကျတော့ တရားဝင် Lunch မလုပ်သေးတော့။ တချို့ အင်တာနက်
နှေးတာရယ်၊ လိုင်းမငြိမ်သက်မှုတွေတော့ လောလောဆယ်က ရှိကောင်းရှိနေနိုင်ပါတယ်
” ဟု ယွန်းမီလင်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် တယ်လီနော်
ဖုန်းလိုင်းကွန်ယက်များ တရားဝင်စတင်အသုံးပြုခွင့်အတွက်
ကွန်ယက်တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးချိန်တွင် တယ်လီနော်၏
အင်တာနက်စာမျက်နှာများမှတဆင့် အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်း
သိရသည်။
စစ်တွေမြို့နယ်တွင် တယ်လီနော် ဆင်းကဒ်ကို
စမ်းသပ်သုံးစွဲလိုသူ အများအပြားရှိနေပြီး ယခင်အသုံးပြုမှု အများဆုံးဖြစ်သည့်
MPT နှင့် MEC တို့ထက် အင်တာနက်လိုင်း ပိုမိုကောင်းမွန်မည်ကို
မျှော်လင့်နေကြကြောင်း သိရသည်။

0 comments:
Post a Comment