မင်းမျိုးနွယ်/RiA
ပုဏ္ဏားကျွန်း၊ သြဂုတ် ၂၇။ နိုင်ငံတော်ကို အသရေဖျက်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံနေရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ သတင်းနှင့် ပြန်ကြားရေးဌာန ဒုတိယ ဥက္ကဌ ဦးခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ယနေ့ သြဂုတ် ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းဒေသခံ ၂၅၀၀ ခန့်က ဆန္ဒပြ တောင်းဆိုခဲ့သည်။
“ဒီနေ့ကျွန်တော်တို့ ခိုင်မျိုးထွန်း လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကျွန်တော်တို့ တောင်းဆိုခဲ့တာကတော့ ခိုင်မျိုးထွန်းကို ချက်ချင်းလွှတ်ပေးဖို့။ သူဟာ အမှန်တရားဘက်က ရပ်တည်တဲ့သူဖြစ်တယ်။ ငါတို့အားလုံးဟာ ခိုင်မျိုးထွန်းနဲ့ တစ်သားတည်းရှိတယ်။ ခိုင်မျိုးထွန်းကို အခုလိုမျိုး ဖမ်းဆီးထားတာကတော့ မတရားသော ဖမ်းဆီးမှုလို့ပဲမြင်ပါတယ်။” ဟု ဦးဆောင်သူ သိန်းဝဏ္ဏကပြောသည်။
ခိုင်မျိုးထွန်းသည် ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် အချိန်တွင် အစိုးရတပ်မတော်မှ ဒေသခံများအား ပေါ်တာဆွဲခြင်းများ၊ သုံ့ပန်းများအား သတ်ဖြတ်ခြင်း၊ သွားလာလှုပ်ရှားမှုများအား တားမြစ်ထားခြင်းစသည့် အချက်များဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ထုတ်ဖော်ရေးသားခဲ့သူဖြစ်သည်။
ခိုင်မျိုးထွန်းအား ဖမ်းဆီးအရေးယူထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက " ခိုင်မျိုးထွန်းနဲ့ဟာ ALP ရဲ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်နေတာ ဖြစ်တဲ့အတွက် သူနဲ့ ပါတ်သက်ပြီးလို့လဲ လက်ရှိသူဆောင်ရွက်နေတဲ့ လုပ်ငန်းရပ်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူး။ တစ်ချို့ကိစ္စတွေမှာလည်း ပါတီဌာနချုပ်ရဲ့ သဘောဆန္ဒအတိုင်းလုပ်တာ မဟုတ်တာတွေကို သိရတဲ့အတွက် ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ပေးဖို
0 comments:
Post a Comment