စစ်တွေ၊ သြဂုတ် ၂၅ ရက်။ နိုင်ငံသားစီစစ်ရေး စီမံကိန်းများကို အကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ရခိုင်ပြည်နယ်အတွင်း ပြဌာန်းဥပဒေများနှင့် မကိုက်ညီသော နိုင်ငံသားများအဖြစ် အသိအမှတ်ပြုမှုများ ရှိနေမှုအပေါ် ပြန်လည်ရုပ်သိမ်းရန်နှင့် ဥပဒေပါ စည်းကမ်းများအတိုင်း ဆောင်ရွက်ကြဖို့ ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုလိုက်သည်။
“သုံးခေါက်ချိုးကဒ်ဆိုတာဟာ ဒီလူဟာနိုင်ငံသားဖြစ်ပါတယ်လို့ သက်သေခံ အလျဉ်းမဖြစ်စေရလို့ ပြဌာန်းထားတာ ရှိပါတယ်။ ဒီလိုမျိုး ပြဌာန်းချက်တွေ ရှိပါလျက်နဲ့ ဒီအချိန်ရောက်မှပဲ သုံးခေါက်ချိုး ရှိနေတဲ့သူဟာ နိုင်ငံသားဖြစ်သင့်တယ်ဆိုရင် ကိုယ်လုပ်ထားတဲ့ ဥပဒေကို ကိုယ်ဆန့်ကျင်ရာ ရောက်သွားမယ့် အနေအထားကို ကျွန်မတို့ ကြုံတွေ့နေရပါတယ်။ ကျမတို့ မွေးရာပါနိုင်ငံသား အခွင့်အရေးကို ရထားတဲ့ သူတွေမှာ ကိုင်ဆောင်ထားတဲ့ သုံးခေါက်ချိုးကဒ်နဲ့ တတန်းတစားတည်း ထည့်သွင်းပြီး သုံးသပ်နေရင်တော့ ကျွန်မတို့ရဲ့ ဥပဒေတွေဟာ လုပ်ထုံး လုပ်နည်းမှားတယ်။ နိုင်ငံသား မဖြစ်သင့်တဲ့သူတွေဟာ နိုင်ငံသားဖြစ်သွားခြင်းအားဖြင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ခြိမ်းခြောက်နေတဲ့ အနေအထားကို ရောက်သွားနိုင်တဲ့အတွက် ရခိုင်ပြည်နယ်အစိုးရကို အကြံပြုပြောကြားတာပါ။” ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်က ပြောသည်။
ယင်းပြောကြားမှုကို သြဂုတ် ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များက တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် နယ်/လုံ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်း အပါအ၀င် ပြည်နယ် ဥပဒေချူပ်၊ ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်၊ ပြည်နယ် လ၀ကမှူး ဦးဝင်းလွင်နှင့် ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဌ ဒေါ်အေးနုစိန်၊ ဘူးသီးတောင်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၊ စစ်တွေမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦး၊ မြေပုံမြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းတို့ တက်ရောက်ခဲ့ပြီး ALP မှ ခိုင်မျိုးထွန်း ဖမ်းဆီးခံထားရသည့်ကိစ္စ၊ ဘူးသီးတောင်မြို့တွင် တရားစွဲဆိုခံထားရသည့် မြို့ခံ ၃ ဦးကိစ္စ၊ ၈၂ ခုနိုင်ငံသားဖြစ်မှု ဥပဒေဆိုင်ရာကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
“ရခိုင်ပြည်နယ်တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒုတိယ ဥက္ကဌအနေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒုတိယဥက္ကဌဖြစ်ပါတယ်။ လုပ်ငန်းကော်မတီ ၄ ခုနဲ့ဖွဲ့စည်းထားပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ဖို့အတွက် ကနဦးခြေလှမ်းအနေနဲ့ NVC ထုတ်ပေးတဲ့သူတွေကို မြို့နယ်သုံးခုမှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ ယခင်ကတ်များကို လဲလှယ်ပေးခြင်းဖြစ်ပါတယ်။ လက်ရှိမှာမြို့နယ်ခြောက်ခုမှာ ဆက်လက်ပြီးဆောင်ရွက်လျှက်ရှိပါ
0 comments:
Post a Comment