Saturday, October 10, 2015

ရတနာမိုင်၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီး "မောင်နဲ့ မလွမ်းပို" ဒီဇင်ဘာလတွင် ထွက်မည်



ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက်

ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်ရတနာမိုင်၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီး ''မောင်နှင့် မလွမ်းပို'' တေးစီးရီး ရိုက်ကူးမှုများမှာ ပြီးစီးသွားပြီဖြစ်ကာ ဒီဇင်ဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 ယခင် သီဆိုဟန်များမှ ကွဲပြားခြားနားသော သီဆိုမှုဟန်များဖြင့် ရတနာမိုင်ကို ယခု တေးစီးရီးတွင် တွေ့မြင်ရမည်ဟုလည်း စီးရီးသစ်ထုတ်မည်ဟု ကြေညာစဉ်ကပင် ရတနာမိုင်က ပြောကြားခဲ့သည်။

ရတနာမိုင်သည် နိုင်ငံကျော် ရခိုင်အမျိုးသမီးတေးသံရှင် အဆိုတော်မိုင်၏ သမီးဖြစ်ပြီး ၂၀၀၅ ခုနှစ်ခန့်ကပင် အနုပညာအလုပ်များ စတင်လုပ်ကိုင်ခဲ့ ပြီး ''ပဖဗဘမ'' "ပုံရိပ်များ'' ''Goodnight ချစ်သူ'' အမည်ရှိ တစ်ကိုယ်တော်တေးစီးရီးများ ဖြန့်ချိခဲ့ပြီး ဗွီဒီယိုဇာတ်ကား ၃၀ ခန့်နှင့် ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးထားသူ တစ်ဦးဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top