Saturday, June 11, 2016

ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် ဆုံးရှုံးသူများကို လျော်ကြေးပေးရေး သဘောတူ

RiA/ရန်ကုန် ၊ ဇွန် ၁၁ ရက်

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် အမ်းမြို့နယ်တွင် လယ်ယာမြေများ ပျက်စီးဆုံးရှုံး နစ်နာခဲ့ရသည့် တောင်သူများ၏ ရပိုင်ခွင့်နှင့် ပတ်သက်ပြီး လျော်ကြေးပေးနိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းစု MOGE မှ တာဝန်ရှိသူများ၊ CNPC ကုမ္ပဏီ နှင့် ဒေသခံ တောင်သူများသည် ယနေ့ ဇွန်လ ၁၁ ရက်နေ့က အမ်းမြို့နယ် အုပ်ချူပ်ရေးမှူးရုံးခန်းတွင် တွေ့ဆုံခဲ့ကြောင်း RFA မြန်မာပိုင်း ဌာနက ဖော်ပြသည်။

တွေ့ဆုံမှုတွင် တရုတ် CNPC ကုမ္ပဏီဘက်မှ ၂ ဦး၊ တောင်သူကိုယ်စားလှယ် ၄ ဦး၊ MOGE မှ တာဝန်ရှိသူ၊ မြို့နယ်အုပ်ချူပ်ရေးမှူးတို့ ပါဝင်သည့် ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုပြုရန် သဘော တူညီချက်ရရှိခဲ့ကြောင်း အမ်းမြို့နယ်ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် အမ်းမြို့နယ်မှ မြေယာဧကပေါင်း ထောင်နှင့်ချီ ဆုံးရှုံးခဲ့ရပြီး၊ လူပျိုချောင်း၊ ခမောင်းချောင်း၊ သာယာကုန်း၊ ပတ်ကွေ့ စသည့် ကျေးရွာ ၄ ရွာ ပြောင်းရွှေ့ခံခဲ့ရကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top