Wednesday, May 11, 2016

ရခိုင်စစ်ဘေးဒုက္ခသည်များကို ပြည်နယ်အစိုးရမှ ကူညီရန် လွှတ်တော်က ဆုံးဖြတ်

မင်းမျိုးနွယ်/RiA

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များအား အမြန်ဆုံး အကူအညီပေးရေးအတွက် ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး
တတိယနေ့တွင် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။

ကျာက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ကျော်လွင်က မေလ ၉ ရက်နေ့က "စစ်ဘေးရှောင်များမှာ တောင်ယာနှင့် တခြားစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကခြေခံကာ လုပ်ကိုင်စားသောက်နေကြရသူများဖြစ်သဖြင့် ယခုကဲ့သို့ စိုက်ပျိုးလုပ်ကိုင်ကြရမည့် အချိန်တွင် နေရပ်စွန့်ခွာလာခဲ့ရပြီး နေရပ်သို့ပြန်လည်သွားရောက်ရန် အဆင်မပြေသည့်အတွက် ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းဒုက္ခသည်များ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးရန်" အရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး ယနေ့တွင် အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။


“အစိုးရအဖွဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လက်ရှိ အခြေအနေမှာ ပုံမှန်အတိုင်းဖြစ်သွားပါပြီ။ နေရပ်ကို ပြန်ပို့တော့မှာပါလို့ ပြောသွားခဲ့တယ်။ ဒါတွေဟာ လုံးဝမဖြစ်နိုင်ဘူး။ အခုနေရပ်ကို ပြန်ပို့လိုက်တဲ့အချိန်မှာ သူတို့တွေ ထားခဲ့ကြတဲ့
ဆန်ရိက္ခာတွေ ရှိနေဦးမယ်လို့ မပြောနိုင်ဘူး။ နောက်တစ်ခုက စစ်ပွဲတွေဖြစ်ခဲ့တဲ့နေရာတွေဖြစ်တဲ့ အတွက်ကြောင့် သူတို့ လုပ်ကိုင်စားသောက်နေကြတဲ့ တောတောင်တွေမှာရော မိုင်းတွေ ထောင်ထားခဲ့တာမရှိဘူးလို့ ဘယ်သူအာမခံမလဲ။ သူတို့ကို ချက်ချင်းကြီး ပြန်ပို့မယ် ဆိုတာဟာ သူတို့ဘဝလုံခြုံရေးကို တန်ဖိုးမထားတာပါပဲ”ဟု ကျောက်ဖြူမဲဆန္ဒနယ်မှ အဆိုတင်သွင်းသူ ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၆၀၀ ကျော် အထိရှိလာနေပြီဖြစ် ဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top