Wednesday, March 9, 2016

မြောက်ဦးရှေးဟောင်းနယ်မြေအတွင်း မြေတူးဖော်သုံးစွဲမှုများအား ကာကွယ်သွားမည်

မြောက်ဦး/RiA ၊ မတ်လ ၉ ရက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ရှေးဟောင်း နယ်မြေများမှာ တောင်များအားဖြိုခွဲကာ၊ မြေသားများအား တူးယူမှု များပြားလာတဲ့အတွက် စောင့်ကြည့်ကာကွယ်မယ့် အစီစဉ်တစ်ရပ်ကို ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

အဆိုပါ အစီစဉ်ကို မြောက်ဦးမြို့နယ်ရှိ သမိုင်းသုတေသီပညာရှင်များအပါအဝင် မြို့ပေါ်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သူများဖြင့် ဖွဲ့စည်းထားတဲ့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွှေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အသင်းရဲ့ ဥက္ကဖြစ်သူ ဒေါ်အေးခင်သန်းက ဆိုပါတယ်။

“ကျမတို့ မြင်တွေ့နေရတာတွေက ကျေးရွာတွေကို လမ်းဖောက်တဲ့ အခါမြေသားတွေကို တူပြီးဖို့ပြီး လုပ်ကြရတယ်၊ ဒါတွေ အတွက် ရှေး/သု နယ်မြေအတွင်းမှာ ရှိတဲ့ မြေတွေကို တူးဖော်ပြီး အသုံးပြုကြတယ်၊ ကျမတို့ ဒီကိစ္စအပေါ် မကြာခင် အစည်းဝေးတစ်ရပ်ပြုလုပ်ပြီး ကာကွယ်သွားမယ့် အစီစဉ်ပြုလုပ်သွားကြမှာပါ”

မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကလည်း ရှေး/သုနယ်မြေအတွင်းမှာ မြေတူးယူနေသူ ၂၈ ဦးကိုလည်း ဖမ်းဆီး စစ်ဆေးတွေ့ရှိခဲ့ပြီး ၁၀ ဦးကို အရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့နယ်မှ ရှေးဟောင်းဇုန် နယ်နမိတ်အတွင်း မြေမတူးရနယ်မြေများ သတ်မှတ်ထားပေမယ့် စည်းကမ်းလိုက်နာမှု နည်းပါးပြီး တူးဖော်သူများရှိနေတဲ့ အတွက် အရေးယူမှုတွေပြုလုပ်လာတယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top