![]() |
Col Nay Myo of Rakhine State |
စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၂၁ ရက်
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ် ရဲမှူးကြီး ဦးနေမျိုးနေရာတွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဦးစိန်လွင်က တာဝန်ထမ်းဆောင် သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးသစ်ဆန်းက RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

"ရှေ့လဆန်းပိုင်းလောက်မှာစပြီး တာဝန်ပြောင်းလဲထမ်းဆောင်ရမှာပါ။ နေရာ အပြောင်းအလဲ လုပ်တယ်ဆိုတာကတော့ ပုံမှန် လုပ်ရိုးလုပ်စဉ်ပါပဲ။ အထွေအထူးတော့ သိပ်မရှိပါဘူး။"
ဦးနေမျိုးမှာ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ကနေ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေရာ အပြောင်းအလဲနှင့်အတူ ပြည်နယ်/တိုင်းဒေသကြီး ၉ ခုက ပြည်နယ်ရဲမှူးကြီးနေရာကို အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချူပ်က ညွှန်ကြားချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။
၎င်းတို့မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ဦးနေမျိုးကို မူလရာထူးနဲ့ပဲ တနင်္သာရီတိုင်းဒေသကြီးမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ကြောင်း သိရပါတယ်။
0 comments:
Post a Comment