Saturday, November 7, 2015

ရခိုင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း စီစစ် ပယ်ချခံရမှု မောင်တော ခရိုင်အများဆုံးအဖြစ်၊ အများစုမှာ နိုင်ငံသား မဟုတ်သူများဆို

ရခိုင်ပြည်နယ်တွင် လျှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရွေးချယ် စီစစ်မှုများအနက် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ စည်းမျဉ်းစည်းကမ်းနှင့် မပြည့်စုံမှုကြောင့် ခရိုင်အဆင့် ပယ်ချခံရမှုထဲတွင် မောင်တောခရိုင်မှ အများဆုံးဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ စာရင်းမှတ်တမ်းများအရ သိရှိရသည်။

မောင်တောခရိုင်တွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများအား စည်းမျဉ်းစည်းကမ်းနှင့် မပြည့်စုံမှုကြောင့် ကိုယ်စားလှယ်လောင်း ပယ်ချခံရသည့် ပါတီများမှာ အမျိုးသားဖွံဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်၊ ဒီမိုကရေစီနှင့် လူအခွင့်ရေးပါတီ အပါအဝင် တစ်သီးပုဂ္ဂလ လျှောက်ထားသူ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရှိရသည်။

မောင်တောခရိုင်တွင် ကိုယ်စားလှယ်လောင်းများ ပယ်ချခံရမှု များပြားမှုနှင့် ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်မြက RIA သို့ စက်တင်ဘာ ၃ ရက်နေ့က ထုတ်ဖော်ပြောကြားသည်။

“ နိုင်ငံသားမဖြစ်တဲ့သူတွေ ပါဝင်တဲ့ အတွက်ကြောင့် သတ်မှတ်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် စည်းမျဉ်းတွေနဲ့ မကိုက်ညီလို့ပါ။ ဒီနေ့အချိန်ထိတော့ ခရိုင်ကနေ ပြည်နယ်ကို အယူခံဝင်တာ နှစ်ဦး ရှိပါပြီ”

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၃၇၈ ဦးရှိပြီး ခရိုင်အဆင့်များမှ စီစစ်ပယ်ချခံရမှုများတွင် စစ်တွေခရိုင်မှ ၆ ဦး၊ မောင်တောခရိုင်မှ ၁၉ ဦး၊ သံတွဲခရိုင်မှ ၁ ဦး၊ စုစုပေါင်း ၂၈ ဦးရှိပြီး ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်၏ စက်တင်ဘာ ၃ ရက်နေ့ထိ စာရင်းမှတ်တမ်းများအရ သိရှိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top