Sunday, September 27, 2015

ချင်းပြည်နယ် တီးတိန်လမ်းတွင် ယာဉ်အစီးရေ ၁၀၀ ရာကျော် ပိတ်မိနေ

ဟားခါး၊ စက်တင်ဘာ ၂၇ ရက်

ချင်းပြည်နယ်တွင် ရာသီဥတုဘေးအန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးခဲ့ပြီးနောက် ဟားခါး၊ ကလေး၊ တီးတိန်သို့ သွားရောက်သည့် လမ်းများတွင် ကုန်တင်ကားကြီး တစ်ရာကျော်ခန့် ပိတ်မိနေသည်ဟု သိရသည်။
ကားလမ်းတွင် ပိတ်မိနေကြသည့် ကားအများစုမှာ တင်နိုင်သည့် ကုန်ထက် ကုန်များကို ထက်ဝက်သာ တင်ဆောင်ပြီး သွားလာနေကြသည့် ကားများဖြစ်သော်လည်း တောင်မြေပြိကျမှုများနှင့် ကားဘီးများ နစ်မြုပ်မှု စသည့် အခြေနေများကြောင်း ခရီးသည်ကုန်တင်ယာဉ်များ တန်းစီကာ ပိတ်မိနေကြခြင်းဖြစ်သည်ဟု ကလေးမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

“ လမ်းတွေပိတ်မိနေတာကြောင့် နယ်စပ်ကို ပို့မယ့် ကုန်တွေက မလိုအပ်ဘဲ နှောင့်နှေးမှုတွေနဲ့ ကြုံရတယ်။ ကုန်ခြောက်တွေက ကုန်စိမ်းတွေထက် ပိုပြီးရှုံးမယ့် သဘောဖြစ်နေတယ်။ ပြီးတော့ ဈေးနှုန်းတွေ မတည်ငြိမ်မှုတွေအတွက်လည်း စိုးရိမ်ရတယ်။ ကွမ်းသီးတွေ ဘာတွေဆိုရင် သူများနိုင်ငံနှင့် ဈေးဖြတ်ပြီးမှ ပို့ရတာ ခုဆို တော်တော်အခက်ခဲတွေ့နေပြီ “

ထိုသို့ သွားလာရ မလွယ်ကူမှုနှင့် ကားများ ပိတ်မိနေကြခြင်းတို့ကြောင့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ကုန်များ၊ ဈေးနှုန်းများ မြင့်မားကာ ဒေသခံများ အခက်ခဲရောက်ရှိနေကြပြီး သွားလာနိုင်သည့် ကားအမျိုးစားများမှာလည်း မော်တော်ယာဉ်ငယ်များသာ ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top