စစ်တွေ၊ စက်တင်ဘာ ၂၇ ရက်
ရခိုင်ပြည်နယ်တွင် ကိုမန်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စာသင်ကျောင်းများအား ပညာရေးဝန်ကြီးဌာန၏ ကျပ် သိန်းသုံးထောင် အကူညီဖြင့်အောက်တိုဘာလ မကုန်မည်အထိ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ပညာရေး ညွန်ကြားရေးမှူးရုံးမှ သိရှိရသည်။
လက်ရှိအနေထားတွင် ထိခိုက်ပျက်စီးမှုရှိခဲ့သော စာသင်ကျောင်းများမှ ကျောင်းသားများအား ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် ခေတ္တသင်ကြားပေးနေပြီး အနည်းငယ် ပြိုပျက်စီးခဲ့သော စာသင်ကျောင်းများမှ ကျောင်းသားများကိုမူ သင်ကြားလို့ ရနိုင်သည့် နေရာများသို့ ရွှေ့၍ သင်ကြားနေကြကြောင်း ရခိုင်ပြည်နယ် ပညာရေးညွန်ကြားရေးမှူး ဦးလှစိန်ထွန်းက ဆိုသည်။
“ပျက်စီးသွားတဲ့ ကျောင်းတွေဆောက်လုပ်ဖို့အတွက်လည်း သမ္မတရဲ့ အထူးရန်ပုံငွေက ခွင်ပြုမိန့်ကျထားပါပြီး လောလောဆယ် ယာယီစာသင်ဆောင်တွေကိုတော့ ပညာရေးဝန်ကြီး ဌာနရဲ့ငွေတွေနဲ့ဆောက်လုပ်သွားမှာပါ “
ရခိုင်ပြည်နယ်တွင် ကိုမန်မုန်တိုင်းဒဏ်ကြောင်း စာသင်ကျောင်း နှစ်ရာ့သုံးဆယ်ကျော် ပျက်စီးခဲ့ရပြီး ကျောင်းပေါင်း ခြောက်ဆယ်ခန့်မှာ လုံးဝပျက်စီးခဲ့ရကြောင်း ရခိုင်ပြည်နယ် ပညာရေးမှုးရုံး၏ စာရင်းမှတ်တမ်းများ အရသိရှိရသည်။
 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
0 comments:
Post a Comment