Saturday, September 26, 2015

ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည် ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်တွင် အမျိုးသမီးတစ်ဦးပါဝင်

စစ်တွေ၊ စက်တင်ဘာ ၂၆ ရက်

ရခိုင်ပြည်နယ်တွင် ချင်းတိုင်ရင်းသား လူမျိုးများအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ပေါင်း ငါးဦးရှိပြီး ၎င်းတို့အထဲတွင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားရေးရာလွှတ်တော်ကို ယှဉ်ပြိုင်ကြမည့် ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးကိုကိုနိုင်၊ အရှိုချင်း အမျိုးသားပါတီမှ ဦးကြီးအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပုန်းဘွေ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်မိုင်စုစုလှိုင်၊ ချင်းအမျိုးသားပါတီမှ ဦးသန်းထွန်းတို့ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေငြာချက်များအရ သိရှိရသည်။
ရခိုင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်မိုင်စုစုလှိုင်က “ရခိုင်ပြည်နယ်မှာ ကျမတို့ လူမျိုးတွေရှိတဲ့ နေရာတိုင်းကို စည်းရုံးရေးဆင်းသွားမှာပါ ” ဟု သူမ၏ စည်းရုံးရေးခရီးစဉ်နှင့် ပတ်သက်ပြီး ပြောပြသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီး ၂၅ ဦးရှိကြောင်း သိရပြီး တိုင်းရင်းသား ပါတီများတွင် ရခိုင်အမျိုးသားပါတီမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း အများပြားဆုံးဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top