Wednesday, October 12, 2016

ရခိုင်နယ်စပ်တွင် နယ်မြေရှင်းလင်းနေသည့် တပ်မတော် စစ်ကြောင်း တိုက်ခိုက်ခံရ



RiA 

နေပြည်တော်၊ အောက်တိုဘာ ၁၂ ရက်။ နယ်ခြားစောင့်ရဲဌာနချူပ်နှင့် ရဲကင်းစခန်းများ တိုက်ခိုက်ခံရပြီး လက်နက်များ လုယက်ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများမှာ တိုက်ခိုက်ခံခဲ့ရသည်။

အောက်တိုဘာ ၁၁ ရက်နေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာအနီး တပ်မတော် စစ်ကြောင်းမှ နယ်မြေရှင်းလင်းနေစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၃၀ ခန့်က စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော် စစ်ကြောင်းမှ ပြန်လည် ခုခံချိန်တွင် ထပ်မံ၍ အင်အား ၃၀၀ ခန့်က လက်နက်ငယ်၊ ဓား၊ တုတ်များဖြင့် တိုက်ခိုက်လာသောကြောင့် တပ်မတော်မှ ပြန်လည် ပစ်ခတ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်တိုက်သူ အလောင်းတစ်လောင်း၊ သေနတ် ၂ လက်နှင့် ကျည်အိမ် ၂ ခုကို သိမ်းရမိခဲ့ပြီး တပ်မတော်ဘက်မှ သေနတ် ၂ လက် ပျောက်ဆုံးကာ စစ်သည် ၁ ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ စစ်သည် ၄ ဦး ကျဆုံးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။
---
သတင်းဓာတ်ပုံ - အကြမ်းဖက်တိုက်ခိုက်သူများ အသုံးပြုသော လက်နက်တစ်ခုအား တွေ့ရစဉ်

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top