![]() |
Yan Hee Lee in Sittwe (Photo: Moe Aung/RiA) |
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee သည် ရခိုင်ပြည်နယ်ကို အစိုးရသစ်လက်ထက်မှာ ပထမဆုံးခရီးစဉ်အဖြစ် စစ်တွေမြို့ကို နှစ်ရက်ကြာ လာရောက်ခဲ့ပြီး သူ၏ ယခု ခရီးစဉ်သည် ရခိုင်ပြည်သူတို့၏ အကျိုးစီးပွားအတွက် အမှန်တကယ် ဖော်ဆောင်နိုင်ရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
"ကျွန်မ ဒီကိုလာတာ ရခိုင်ပြည်သူတွေရဲ့ မိတ်ဆွေအစစ်အမှန်တစ်ဦးအနေနဲ့ လာရောက်တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူတိုင်း တိုးတက်ပြောင်းလဲမှုတွေ ရရှိအောင်ဆောင်ရွက် မှာဖြစ်သလို ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အမှန်တကယ် အဓိပ္ပာယ်ရှိဖို့ ကျမ လာရောက်ခြင်း ဖြစ်ပါတယ်"
![]() |
Yan Hee Lee in Sittwe (Photo: Moe Aung/RiA) |
Yanghee Lee သည် နိုင်ငံသားစီစစ်မည့် အစီအစဉ်ကို ငြင်းဆိုနေကြသည့် ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာမှ မွတ်စလင်များနှင့် ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံခဲ့ပြီး ကျောက်တော်မြို့နယ် ပညာဝကျေးရွာက ရခိုင်စစ်ဘေးဒုက္ခသည်စခန်းများနှင့်လည်း တွေ့ဆုံခဲ့သည်။
ယင်းအပြင် ဇွန်လ ၂၃ ရက်နေ့တွင် စစ်တွေမြို့နယ်ရှိ ၂၀၁၂ ခုနှစ် ပဋိပက္ခတိမ်းရှောင် ဒုက္ခသည်များဖြစ်ကြသော ရခိုင်တိုင်းရင်းသား ဒုက္ခသည်များနှင့် မူဆလင် ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ အခက်အခဲများကို မေးမြန်းခဲ့သည်။
![]() |
Yan Hee Lee in Sittwe (Photo: Moe Aung/RiA) |
ရခိုင်အမျိုးသားပါတီကို တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း ယန်ဟီးလီ၏ ခရီးစဉ်နှင့် ပတ်သက်၍ မျှတသော ပြောင်းလဲမှုကို ပေးနိုင်မည်မဟုတ်ဟု ယူဆသဖြင့် တွေ့ဆုံမှုကို ငြင်းဆန်ကြောင်း ANP က သတင်းထုတ်ပြန်ခဲ့သည်။
မစ္စယန်ဟီးလီသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ နှင့် တွေ့ဆုံခဲ့ပြီး စစ်တွေမြို့၏ အရပ်ဖက် အဖွဲ့အစည်းတချို့နှင့်လည်း တွေ့ဆုံခဲ့သည်။
0 comments:
Post a Comment