Tuesday, June 14, 2016

ရခိုင်ပြည်နယ် ထူထောင်ရေး တူရကီအစိုးရမှ ကူညီမည်

မိုးအောင်/RiA ၊ ဇွန် ၁၄ ရက်

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် တူရကီအစိုးရမှ ကူညီသွားမည်ဖြစ်ကြောင်း ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ စစ်တွေမြို့ကို ရောက်ရှိလာသည့် တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာ ဘူတိုဂလူက ပြောကြားလိုက်သည်။


နိုင်ငံခြားရေးဝန်ကြီးသည်  မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် အဖြစ်ရောက်ရှိနေခြင်းဖြစ်ကာ သမ္မတဦးထင်ကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမှုအပြီး ရခိုင်ပြည်နယ်ကို ဇွန်လ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲက ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။


တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာ ဘူတိုဂလူကနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးညီပု (ဓာတ်ပုံ - မိုးအောင်/RiA)

တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာ ဘူတိုဂလူကနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)

“တူရကီ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်  ပြန်လည်ထူထောင်ရာမှာ ကူညီပေးသွားမှာပါ။ နိုင်ငံသား ရရှိမှာကိုလည်း ကျွန်တော်ယုံကြည် ပါတယ်။ တူရကီနိုင်ငံအနေနဲ့လည်း ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာလက်ကာ ဘူတိုဂလူက ပြောသည်။


တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာ ဘူတိုဂလူကနှင့် စစ်တွေမြို့ရှိ ဒေသခံ အစ္စလမ်ဘာသာဝင်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)

မာလက်ကာ ဘူတိုဂလိုသည် စစ်တွေမြို့ရှိ လှုမှုကယ်ဆယ်ရေးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသား ဒေသ ဖွံဖြိုးရေးရုံးများကို ဝင်ရောက်ကြည့်ရူခဲ့ပြီးနောက် အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ဝင်ရောက်ကာ ဒေသခံများ၏ အခက်ခဲများကို မေးမြန်းခဲ့ပြီး အစ္စလမ်ဘာသာဝင် အရပ်ဘက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာ ဘူတိုဂလူကနှင့် စစ်တွေမြို့ရှိ ဒေသခံ အစ္စလမ်ဘာသာဝင်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)



“ ကျွန်တော်တို့ကို ဘယ်သူမှ အထောက်အပံ့ မလုပ်ပေးပါဘူး၊ NGO တွေဆီကလည်း ကူညီမှုတွေက ဒီကိုမရောက်ပါဘူး၊ ပြီးခဲ့တဲ့ နှစ်ကလည်း တူရကီက ကူညီပါတယ်။ နောင်ကိုလည်း ကူညီပါလို့ ဒေသခံလူထုတစ်ခုလုံးကိုယ်စား ကျွန်တော် မေတ္တာရပ်ခံပါတယ် “ ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူကနဲ့ တွေ့ဆုံဆွေးနွေးရာတွင် ဒေသခံ တစ်ဦးဖြစ်သူ ဦးရွှေလှက ၎င်းတို့၏ အခက်ခဲကို တင်ပြခဲ့သည်။



ဒေသခံများနှင့် တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူကသည် အစ္စလမ် အောင်မင်္ဂလာရပ်ကွက်ရှိ ဘုရားကျောင်း (ဗလီဝတ်ပြုကျောင်း) အတွင်း သီလယူ ရှိခိုးခဲ့ကြောင်း သိရသည်။


တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာ ဘူတိုဂလူကနှင့် စစ်တွေမြို့ရှိ ဒေသခံ အစ္စလမ်ဘာသာဝင်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - မိုးအောင်/RiA)

တူရကီနိုင်ငံသည် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ဦးဆောင်နိုင်ငံ ဖြစ်ပြီး တူရကီနိုင်ငံရဲ့ လက်ရှိ သမ္မတ Recep Tayyip Erdoğan မှာ OIC ၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top