Thursday, January 28, 2016

ရခိုင်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ထောင်ဒဏ်ချမှတ်ခံရ

မင်းပြား/RiA ၊ ဇန်န၀ါရီ ၂၈ ရက်

ရခိုင်အမျိုးသားပါတီ ANP ရဲ့ ယခုနှစ် ရွေးကောက်ပွဲအနိုင်ရ မင်းပြားမြို့နယ် မဲဆန္ဒနယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို ဒီကနေ့ ဇန်န၀ါရီ ၂၈ ရက်နေ့တွင် မြေပုံမြို့နယ်တရားရုံးက ပုဒ်မမ ၂ ခုနှစ်နှင့် တစ်ခုစီအတွက် ထောင်ဒဏ် ၆ လစီ ပြစ်မှုနှစ်ခုပေါင်း တစ်ပါတည်းကျခံဖို့ အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။



“ဒီပြစ်မှုတွေက ဥပဒေအတိုင်းဆိုရင် ငွေဒဏ်လောက်ပဲရှိပါတယ်။ ပြီးတော့ တရားလိုကိုထောက်ခံတဲ့ တစ်ယောက်က လွဲပြီးတော့ အိမ်ပေါ်မှာ အတူတူရှိနေတဲ့ သမီးကတောင် မဟုတ်ဘူးဆိုတာကို အခုလိုမျိုးထောင်ချပစ်တာဟာ မှန်ကန်တဲ့ တရားစီရင်မှုမဟုတ်ပါဘူး။ မကြာခင်မှာဘဲမြောက်ဦးခရိုင် တရားရုံးမှာ အယူခံသွားမှာပါ” လို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဒေါ်ဦးခင်သန်းက RiA ကို ပြောပါတယ်။

အဆိုပါ အမှုမှာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက တရားစွဲဆိုထားတဲ့ အမှုဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top