RiA ၊ သြဂုတ် ၃ ရက်
စစ်တွေ။ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် အစိုးရအဖွဲ့ ဌာနဆိုင်ရာများ၏ လုပ်ပိုင်ခွင့်များတွင် ၀င်ရောက်စွက်ဖက်မှုများ မပြုလုပ်ကြဖို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက သတိပေးပြောကြားလိုက်သည်။
“ကျွန်တော်တို့ လွှတ်တော်က တာဝန်ပေးထားတဲ့ စီစစ်အဖွဲ့နဲ့ လုပ်ငန်းကော်မတီတွေလည်း လုပ်ငန်း လိုအပ်ချက်အရ ဌာနဆိုင်ရာ အသီးသီးတွေနဲ့ ဆက်သွယ်တဲ့အခါမှာ သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းတွေ အနေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က လိုအပ်သလို ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း ဌာနဆိုင်ရာ အဖွဲ့စည်းတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်မိဖို့ အထူး သတိထားကြပါ။"
ယင်းပြောကြားမှုကို ယနေ့ သြဂုတ် ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော်၊ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက “ လွှတ်တော် ကိုယ်စားလှယ်တွေ ဆိုတာ ဥပဒေပြုသမားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာတွေရဲ့ အရေးကို ဝင်ပြီး စွက်ဖက်စရာတော့ မလိုပါဘူး။ အဲဒီ အပေါ် ဘာမှတော့ ပြောကြားစရာ မရှိပါ" ဟု လွှတ်တော်ဥက္ကဌ၏ ပြောကြားချက် အပေါ် ထောက်ခံ ဖြေကြားခဲ့သည်။
ဘယ်လိုစွက်ဖက်နေကြပါလိမ့်
ReplyDeleteတကယ်မသိလို့ပါဗျ
ဘယ်လိုစွက်ဖက်နေကြပါလိမ့်
ReplyDeleteတကယ်မသိလို့ပါဗျ